မွန်စည်ပင်ကော်မတီ ဖွဲ့စည်းရေး ဝန်ကြီးဖြေကြားချက် ဥပဒေနဲ့ကွဲလွဲ

မွန်စည်ပင်ကော်မတီ ဖွဲ့စည်းရေး ဝန်ကြီးဖြေကြားချက် ဥပဒေနဲ့ကွဲလွဲ

မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ဖြေကြားမှုဟာ ဥပဒေနဲ့ကွဲလွဲနေပြီး ပြည်နယ်လုပ်ပိုင်ခွင့်အတွက် ပြည်ထောင်စုထံ တင်ပြစရာမလိုဘူးလို့ ဝါရင့်နိုင်ငံရေးသမားတွေ ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်း‌အောင်ထူးက မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရွေးချယ် ဖွဲ့စည်းရေးအတွက် မေးခွန်းမေးမြန်းခဲ့တာပါ။

မေးခွန်းရှင်ရဲ့ မေးမြန်းကို စစ်အစိုးရခန့် မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးအတွက် ပြည်သူ့လွှတ်တော် အတည်ပြုချက် ရယူပြီး ဆောင်ရွက်သွားမယ်လို့ ဖြေကြားခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ ပြည်နယ်အစိုးရဟာ ပြည်နယ်စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွေကို ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေး သမား တစ်ဦးကတော့ စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်း တာနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ရဲ့ အတည်ပြုချက် ယူစရာ မလိုသလို ကိုယ့်ပြည်နယ် အစီအစဉ်နဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇယား ၅ နဲ့ ဇယားပါ ပြဋ္ဌာန်းချက်တွေအရ စည်ပင်သာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေပြုခွင့်နဲ့စီမံခန့်ခွဲမှုတွေကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ကို အာဏာအပ်နှင်းထားတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်ဟောင်း တစ်ဦးကလည်း ပြည်နယ်လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုထံ အတည်ပြုချက်ရယူမယ်ဆိုတဲ့ ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ရဲ့ ဖြေကြားမှုဟာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ကိုင်ခွင့် အာဏာကို ပြည်ထောင်စုထံ ပြန်လည်အပ်နှင်းမှု ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

အခန်း ၂၁ ခန်း၊ ပုဒ်မပေါင်း ၁၀၅ ခုပါဝင်တဲ့ ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ အစိုးရဟာ အများပြည်သူတွေပါဝင်တဲ့ စည်ပင်သာယာရေးကော်မတီကို မဖြစ်မနေ ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...