မြန်မာရဲ့ ကက်သလစ် သာသနာပိုင်နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေ သာသနာပိုင်နယ်မြေတွေကို စွန့်ခွာထားရ

မြန်မာရဲ့ ကက်သလစ် သာသနာပိုင်နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေ သာသနာပိုင်နယ်မြေတွေကို စွန့်ခွာထားရ

မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ သာသနာပိုင်နယ်မြေတွေကို စွန့်ခွာထားရတယ်လို့ ဗာတီကန်ရဲ့ သာသနာပြုသတင်းဌာန Fides က ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်အပါအဝင် လားရှိုး၊ ပင်လောင်း၊ လွိုင်ကော်နဲ့ မင်းတပ်က ဘုန်းတော်ကြီးတွေဟာ ကက်သလစ် သာသနာပိုင်နယ်မြေတွေကို စွန့်ခွာခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီအကြောင်းတွေကိုတော့ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးလီယိုကို သွားတွေ့တဲ့အချိန် မြန်မာနိုင်ငံက ဖယ်ခုံဆရာတော် ဖိလစ်ဘထူးက Fides သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဗာတီကန်ကိုတော့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ချားလ်မောင်ဘိုအပါအဝင် မြန်မာနိုင်ငံက ကက်သလစ် ဆရာတော် ၁၇ ပါး ဒီရက်ပိုင်းမှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

“အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဘုရားသခင်ကို ယုံကြည် ကိုးစားရင်း လက်ရှိအချိန်မှာပဲ ကျွန်တော်တို့ အသက်ရှင်နေရပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကတော့ နိုင်ငံတစ်ဝှမ်း ပြန့်ကျဲနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ နီးစပ်ဖို့ပါပဲ။" လို့ ဆရာတော် ဖိလစ်ဘထူးက ပြောပါတယ်။

ဒါ့အပြင် ၅ နှစ်အကြာမှာ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဟာ ပိုဆိုးလာပြီး စစ်ဘေးရှောင်တွေလည်း အများအပြားရှိနေတုန်းပဲလို့ သူကပြောခဲ့ပါသေးတယ်။

"အခုတော့ ဒေသခံတွေ ကိုယ်တိုင်လည်း မိသားစုကို ဝိုင်းဝန်းပံ့ပိုးပေးနေရလို့ ဝေမျှစရာ အရင်းအမြစ် မရှိတော့ပါဘူး။ လူသားချင်းစာနာထောက်ထားမှု အခြေအနေက ပိုဆိုးရွားလာပါတယ်”လို့ ဆရာတော်က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေလထဲထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အဓမ္မနေရပ်စွန့်ခွာရသူအရေအတွက်ဟာ ၅ ဒသမ မ ၃ သန်း ရှိနေပါတယ်။

အဲဒီထဲက ၃ ဒသမ ၇ သန်းဟာ ပြည်တွင်းနေရပ်စွန့်ခွာသူတွေဖြစ်ပြီး ကျန်တဲ့ ၁ ဒသမ ၆ သန်းကတော့ တခြားနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေသူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo- Tial Hram Ling

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...