စစ်တွေမြစ်ကမ်းနားတစ်လျှောက် မွတ်ဆလင်ရေလုပ်သားများအား ပြန်လည်ငါးဖမ်းခွင့်ပြု

စစ်တွေမြစ်ကမ်းနားတစ်လျှောက် မွတ်ဆလင်ရေလုပ်သားများအား ပြန်လည်ငါးဖမ်းခွင့်ပြု

နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ စစ်တွေမြို့ပေါ်ရှိစျေးများတွင် ငါးများရောင်းချမှုနည်းပါးလာသဖြင့် မွတ်ဆလင်ရေလုပ်သားများအားမြစ်ကမ်းတစ်လျှောက် ငါးဖမ်းခွင့်ပြန်ပြုပေးထားသည်ဟု သိရသည်။

စစ်တွေဒေသခံတစ်ဦးက “ မြစ်နားမှာ ငါးဖမ်းနေကြပါတယ်။ မွတ်ဆလင်တွေကို ကမ်းနားတစ်လျှောက်ငါးဖမ်းခွင့်ပြန်ပေးထားတာပါ။ ပြည်နယ်ဝန်ကြီးချုပ်က ခုလိုစီစဉ်ပေးထားတယ်လို့ သိရပါတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်ကာ ဆတ်ရိုးကျချောင်းဝအနီးမှ ကျေးတောရွာအထိ မြစ်နားတစ်လျှောက်တွင် ငါးဖမ်းပိုက်များချကာ လှေငယ်တချို့ဖြင့် ငါးဖမ်းနေကြသည်ကိုမြင်တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ ငါးဖမ်းစက်လှေတွေနဲ့ ဖမ်းနေကြတာ မဟုတ်ပါ။ ကမ်းနားအစပ်လောက်မှာပဲ လှေလေးတွေနဲ့ ပိုက်ချပြီးဖမ်းကြတာပါ။ စက်မပါဘူး။ လက်နဲ့လှော်ကြတဲ့လှေတွေလောက်ဘဲခွင့်ပြုတယ်လို့ကြာပါတယ်” ဟု၎င်းကပြောသည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် တိုက်ပွဲများနှင့်လုံခြုံရေးကြောင့် မွတ်ဆလင်ရေလုပ်သားများ၏  ကမ်းနီးငါးဖမ်းခွင့်ကိုပိတ်ပင်လိုက်ပြီးနောက် ငါးများရှားပါးပြီး စျေးနှုန်းများအဆမတန် မြင့်တက်လာသည့်အတွက် ပြည်သူများစျေးသက်သာစွာဖြင့် ငါးစားသုံးရန်မှာအခက်အခဲဖြစ်ပေါ်နေသည်ဟုသိရသည်။

ပြည်နယ်အစိုးရနှင့် နီးစပ်သူတစ်ဦးက  “ သံတော်လီတို့၊ အောင်တိုင်တို့ဘက်မှာ ငါးဖမ်းခွင့်ပိတ်လိုက်တော့ ငါးစျေးတွေ တက်နေတယ်လေ။ အဲဒါကြောင့် ဝန်ကြီးချုပ်က ငါးစျေးကျအောင် ရည်ရွယ်ပြီးတော့ အစမ်းသဘောနဲ့ ငါးဖမ်းခိုင်းထားတယ်လို့ ကြားပါတယ်။ ဒီလိုခွင့်ပြုပေးတဲ့အတွက် ငါးတွေ မြို့မှာ စျေးကျလာနိုင်ပါတယ်” ဟုပြောသည်။

သို့သော်လည်း စစ်တွေမြို့တွင် ငါးစျေးနှုန်းများကြီးမားနေဆဲဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အခုထိတော့ ငါးစျေးနှုန်းမကျသေးဘူး။ ငါးစျေး ကျလာဖို့ မျှော်လင့်ပါတယ်။ ငါးစျေးကြီးလွန်းလို့ ငါးမဝယ်စားဖြစ်တာ ကြာပါပြီ။ လူတိုင်းငါးဖမ်းစက်လှေတွေနဲ့ ငါးဖမ်းခွင့်ရရင်တော့ ပိုကောင်းပါမယ်” ဟုပြောသည်။

စစ်တွေမြို့ပြင်တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ကာ သဲချောင်း၊ အုန်းတောကြီး၊ အုန်းတောချေ၊ ပလ္လင်ပြင်နှင့် အောင်တိုင်အစရှိသည့်ကျေးရွာများမှ လုံခြုံရေးနှင့်ဘင်္ဂလားဒေ့ရှ်ဘက်မှ မွတ်ဆလင်များခိုးဝင်မှုများရှိသောကြောင့် ငါးဖမ်းခွင့်များကို ပိတ်ပင်ခဲ့သည်ဟု သိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...