ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦး၏ရုပ်အလောင်းများ တွေ့ရှိ

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦး၏ရုပ်အလောင်းများ တွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့် ဒေသခံပြည်သူ ၂ ဦးနှင့် ချင်းတော်လှန်ရေး ရဲဘော် ၂ ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ 

မေလ ၂၇ ရက်က လုံပီးကျေးရွာအနီးမှာ အဆိုပါရုပ်အလောင်းများကို ဒေသခံပြည်သူတချို့က ရှာဖွေ တွေ့ရှိခဲ့ပြီး စစ်တပ်က ဖလမ်းမြို့- ဟားခါးအကြား စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်က ပြောသည်။ 

“အလောင်းကတော့ ၄ လောင်းပါ၊ ပြည်သူ ၂ ဦး အလောင်းရယ်၊ ချင်းလက်နက်ကိုင်အဖွဲ့ကလို့ ပြောလို့ရတဲ့ အလောင်း ၂ လောင်း တွေ့တာဖြစ်တယ်။ ဟားခါးနဲ့ ဖလမ်းကြားမှာ စစ်ကြောင်းထိုးတုန်းက ဖြစ်ပျက်တဲ့ဟာ ဖြစ်ပါမယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က သတ်ဖြတ်ခဲ့သော ဒေသခံပြည်သူအမျိုးသား ၂ ဦးမှာ လုံပီးကျေးရွာဒေသခံ Duh Lian Sang နှင့် No Hnin တို့ဖြစ်သည်ဟု ဒေသတွင်းသတင်းမြစ်များထံမှ သိရသည်။ 

ကျဆုံးနေသော ချင်းတော်လှန်ရေး ရဲဘော် ၂ ဦး၏ ရုပ်အလောင်းတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNA ) ဘတ်တံဆိပ်များ တွေ့ရှိရပြီး ရဲဘော်တစ်ဦး၏ ခန္ဓာကိုယ်၊ ဦးခေါင်း၊ လက်တို့ တနေရာစီကို ဒေသခံများက ရှာဖွေ တွေ့ရှိရသည်ဟု သိရသည်။ 

“ရဲဘော်တစ်ယောက်တော့ သူရဲ့ ခြေထောင်ရယ်၊ ခေါင်းရယ်ကို တခြားနေရာမှာ တွေ့တယ်။ သူ့ခန္ဓာကိုယ်နဲ့ ခေါင်းနဲ့ တခြားစီ ဖြစ်နေတာ တွေ့တယ်။ ဒါပေမယ့် သူတို့ ခေါင်းဖြတ်တာလား၊ ဒါမှမဟုတ် စစ်ကြောင်းကလည်း ကြာပြီဆိုတော့ တိရစ္ဆာန်တစ်ခုခုက သယ်တာလည်း မသိဘူး။ အလောင်းတွေက တော်တော်လေး ပျက်စီးတဲ့ ပုံစံဖြစ်တယ်” ဟု CNO/ CNDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောမှာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်တွေကို မသိရသေးကြောင်း ၎င်းက ပြောသည်။ 

စစ်တပ်သည် သတ်ဖြတ်ပြီးနောက် အဆိုပါ ရုပ်အလောင်းများကို လုံပီးကျေးရွာအနီး လမ်းဘေးရေနုတ်မြောင်းအတွင်း စွန့်ပစ်ထားခဲ့သည့်အတွက် ဖလမ်းမြို့နယ်မှ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများကို သွားရောက် သယ်ဆောင်ကာ သုသာန်မှာ သင်္ဂြိုလ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းလူမှုကွန်ရက်မှာလည်း ပျံ့နှံ့နေသည်ကို တွေ့ရသည်။ 

မေလ ၂၇ ရက်က ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်ဟူ၍ ဆိုကာ စစ်အစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီးတစ်ဦး ရောက်ရှိနေကြောင်း၊ ဖလမ်းမြို့ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး အိမ်ဆောက်ပစ္စည်းနှင့် အခြေခံစားနပ်ရိက္ခာများ ပေးခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။ 

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...