အိန္ဒိယ-မြန်မာနယ်စပ် သဲထုတ်ယူမှုကြောင့် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်

အိန္ဒိယ-မြန်မာနယ်စပ် သဲထုတ်ယူမှုကြောင့် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ ချင်းအမျိုးသားတပ်ဦး CNF/CNA က သဲများထုတ်ယူနေသည့်အတွက်ကြောင့်ဟုဆိုကာ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာ မီဇိုးလူငယ်အသင်း (YMA) က ၎င်းတို့ကျေးရွာမှ တဆင့် CNF/CNA ဌာနချုပ်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်။

Farkawn ကျေးရွာ YMA အနေဖြင့် မြစ်ချောင်းများထိန်းသိမ်းသည့်အနေဖြင့် တီအိုချောင်းတွင် သဲထုတ်ယူ ခြင်းကို တားမြစ်ထားပြီး ယင်းကိစ္စကို CNF/CNA ကိုလည်း အသိပေးထားသော်လည်း တီအိုချောင်းတွင် စက်ကြီးများ ဖြင့် သဲများထုတ်ယူနေသည့်အပေါ် နားမလည်နိုင်အောင်ဖြစ်ရသည်ဟု မေလ ၂၄ ရက်နေ့က Farkawn YMA က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် CNA နှင့် သက်ဆိုင်သည့် မည်သည့်ကုန်ပစ္စည်းမျိုးကိုမဆို Farkawn ကျေးရွာမှတဆင့် ၎င်းတို့၏ ဌာနချုပ် ဘက်သို့ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ပြီး၊ ဒေသတွင်းရှိ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများ အနေဖြင့် လည်း လေးစားလိုက်နာကြရန် Farkawn YMA ၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

Farkawn YMA ၏ ပိတ်ပင်တားမြစ်ချက်အပေါ် Farkawn ကျေးရွာကစီးပွားဖြစ်ယာဉ်ပိုင်ရှင်များအသင်း (Farkawn Commercial Vehicle Owner Association - FCVOA) ကလည်း ထောက်ခံကြောင်းထုတ်ပြန်ထားပြီး၊ အဖွဲ့ဝင်များ အနေဖြင့် ကုန်ပစ္စည်းများကို လောလောဆယ်တွင် သယ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ထားသည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...