ကရင်နီဆေးကောလိပ်ရဲ့ အပတ်စဉ် ( ၃ )အတွက် သင်တန်းသား ခေါ်ယူ

ကရင်နီဆေးကောလိပ်ရဲ့ အပတ်စဉ် ( ၃ )အတွက် သင်တန်းသား ခေါ်ယူ
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)

ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃) တတိယအသုတ်အတွက် သင်တန်းသား ခေါ်ယူနေပါတယ်။ 

လျှောက်လွှာကို ၂၀၂၆ ခုနှစ် ၊ မေလ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး အွန်လိုင်းဖောင် (Online Form) စနစ်တစ်ခုတည်းသာ လျှောက်ထားရမှာဖြစ်တယ်လို့ မေလ ၁၀ ရက်နေ့မှာ ကရင်နီဆေးကောလိပ် (KMC) ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာထားပါတယ်။

လျှောက်ထားလိုတဲ့ သင်တန်းသားတွေအနေနဲ့  ၁၀ တန်း (စနစ်ဟောင်း) အောင်မြင်ပြီးသူတွေ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ကြောင်း (BECA) Grade 12 အောင်မြင်သူတွေ သို့မဟုတ် GED လက်မှတ် ရရှိထားသူတွေထဲက  အသက် ၁၇ နှစ်ကနေ ၃၀ နှစ်အတွင်းက လူငယ်တွေ လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ 

ကရင်နီဆေးကောလိပ် (KMC) ကျောင်းမှာ Bachelor of Medicine (B.M) နဲ့  Bachelor of Surgery (B.S) ဆိုတဲ့ ဘွဲ့ပေးမှာ ဖြစ်ပြီး  သင်တန်းကာလကိုတော့ ( ၆ ) နှစ်နဲ့ အလုပ်သင် (၁) နှစ် စုစုပေါင်း (၇) နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ 

သင်တန်းသား ၅ဝ ဦးကို ခေါ်ယူသွားမှာဖြစ်ပြီး အမျိုးသား ၄၀ ရာခိုင်နှုန်း ၊အမျိုးသမီး ၄၀ ရာခိုင်နှုန်း နဲ့ ကျန် ၂၀ ရာခိုင်နှုန်း ကိုတော့ ကျား ၊မ မခွဲခြားဘဲ ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ကရင်နီပြည် ပြင်ပကနေ လျှောက်ထားသူတွေကိုလည်း လက်ခံမည့်ဦးရေရဲ့  ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြား စဉ်းစားမယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် KMC အပတ်စဥ် (၃)ရဲ့  အထူးအခွင့်အရေးအနေနဲ့ ဆေးပညာဝါသနာပါတဲ့  အသက် ၃၀ ကျော်သူတွေကို  သတ်မှတ်ဦးရေရဲ့  ၅ ရာခိုင်နှုန်းကို လက်ခံပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။  

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကရင်နီဆေးကောလိပ် (KMC) ရဲ့ အပတ်စဉ် (၁) ကို ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။ ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ ပညာရပ်ကိုလေ့လာနိုင်ဖို့ ပထမဆုံး ကရင်နီဆေးကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 29, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာနှစ်ခုမှာ အခုနှစ် ၂၀၂၆-၂၀၂၇...