မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးကို မုဒိမ်းကျင့်သူနှစ်ဦးအား AA ဖမ်းဆီး

မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးကို မုဒိမ်းကျင့်သူနှစ်ဦးအား AA ဖမ်းဆီး

ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA) ကဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကြွီချိုင်ကျေးရွာမှာ မေလ ၁ ရက်က အသက် ၂၅ နှစ်အရွယ် မွေးရာပါပိုလီယိုရောဂါ ခံစားနေရသူ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ ငအောင် (၃၇နှစ်) နှင့် စည်သူဝင်း(၃၈ နှစ်) တို့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ကလေးမလေးက စိတ်မကောင်းဖြစ်တဲ့အချိန်တွေမှာ ဒီအကြောင်းကို ပြောပြောနေတဲ့အတွက် ရပ်ရွာလူကြီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ကလူတွေတိုင်ပင်ပြီး တိုက်နယ်ကိုအကြောင်းကြားပြီး ဖမ်းဆီးထားလိုက်ကြတာ"ဟု ပြောသည်။

ကျူးလွန်သူများကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးအမှုဖွင့်ထားကြောင်း ၄င်းက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၃ ရက်က ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာမှ အသက် ၈ အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး မတ် ၁၆ ရက်ကလည်းမောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် အသက် (၃)နှစ်အရွယ်မိန်းခလေးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါဖြစ်ရပ်များအပါအဝင် ၂၀၂၆ ဇန်နဝါရီမှ မေလ ၁ ရက်နေ့အထိ ရခိုင်မှာ သက်ငယ်မုဒိမ်းမှု ၇ မှုထက်မနည်း ရှိလာသည်။  

တရားခံများကို AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ရှိနေသော်လည်း ဒေသခံများအကြားစိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပြီး မုဒိမ်းမှုများ နောက်ထပ်မဖြစ်ပေါ်လာရဲအောင် ထိထိ‌ရောက်ရောက် အရေးယူမှု လုပ်ဆောင်ပေးရန် ရခိုင် ဒေသခံများနှင့်တက်ကြွလှုပ်ရှားသူများက တောင်းဆိုကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...