ရေဘေးသင့် ထလာထုဒေသခံတွေ စားဝတ်နေရေး အခက်ကြုံ

ရေဘေးသင့် ထလာထုဒေသခံတွေ စားဝတ်နေရေး အခက်ကြုံ
ထလာထုကျေးရွာတွင် ရေဘေးဖြစ်ပွားခဲ့စဉ်။
ထလာထုကျေးရွာတွင် ရေဘေးဖြစ်ပွားခဲ့စဉ်။

ရေဘေးသင့်မှုကြောင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ဘက် ပြောင်းရွှေ့လာကြတဲ့ ပန်နန်းဒင်မြို့နယ်၊ ထလာထု ကျေးရွာက ဒေသခံတချို့ စားဝတ်နေရေးအခက်ခဲဖြစ်နေကြတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ရေဘေးသင့်မှုကြောင့် ရွာပြန်တည်ဖို့ အခက်ခဲရှိသွားတဲ့နောက် ထလာထု တစ်ရွာလုံး  နောင်မွန်မြို့နယ်ထဲက  နမ်ပန်ဒမ်းရွာ၊ ကဆန်ခူးရွာနဲ့ လန်နိုင်ပန် ကျေးရွာတွေဘက်  ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီအထဲ ပြောင်းရွှေ့ခဲ့ကြပြီဖြစ်တဲ့ ထလာထုဒေသခံတချို့ဟာ လက်ရှိမှာတော့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ အတည်တကျမဖြစ်သေးတာနဲ့ ထောက်ပံ့ကူညီမှုတွေလည်း  အကန့်အသတ်ရှိတာကြောင့် စားဝတ်နေရေးနဲ့ ကလေးတွေကျောင်းထားနိုင်ရေး အခက်ခဲဖြစ်နေ တယ်လို့ ထလာထုရွာခံတွေနဲ့ နီးစပ်သူ ပူတာအိုဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ 

"ရောက်နေတဲ့ရွာက ဝိုင်းဝန်းပြီးတော့ အသင်းတော်က အိမ်ဆောက်ပေးတယ်လို့ပြောတယ်။  အလေချီပင်တွေတော့ သူတို့စိုက်နေပြီလို့ပြောကြတယ်။အလေချီပင်ကလည်း အနည်းဆုံး နှနှစ်၊ သုံးနှစ်မှပဲ ဝင်ငွေရမှာပေါ့။ ဆိုတော့ လောလောဆယ်က အခက်ခဲဖြစ်နေတဲ့ အနေအထား ရှိတယ်။" လို့ ဆိုပါတယ်။

နောင်မွန်ကို ရောက်ရှိလာတဲ့ အိမ်ထောင်စု ၅ စုရှိပြီး လူဦးရေ အယောက် ၃၀ ဝန်းကျင် ရှိသလို ပြီးခဲ့တဲ့နှစ် ဩဂုတ်လလောက်က ကျေးရွာ၊ အသင်းတော်နဲ့ ထွေအုပ်တို့ရဲ့ ကူညီစီစဉ် ပေးမှုကြောင့် ပြောင်းရွှေ့လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

နောက်ထပ်ပြောင်းရွှေ့လာဖို့ ထလာထုရွာမှာ အိမ်ထောင်စု ၁၀ စုလောက် ကျန်ရှိနေသေးပေမဲ့ ငွေကြေးအခက်ခဲရှိတာနဲ့ ထောက်ပံ့တဲ့အစီစဉ်တွေလည်း မရှိတော့တာကြောင့် ပြောင်းမလာ ဖြစ်ကြောင်း သိရတယ်လို့လည်း အထက်ပါ နီးစပ်သူက ဆက်လက်ပြောပါတယ်။ 

"ရွာကနေမပြောင်းလာသေးတဲ့ အဖွဲ့တွေလည်း  ဒီမှာ ထောက်ပံ့မယ့်အစီစဉ်လည်း မရှိတော့ဘူး။ သူတို့လည်းအဆင်မပြေတဲ့ အခါကျတော့ ပြီးရင်ရေကြီးတဲ့ကာလလည်း ကျော်လွန်ခဲ့ပြီဆိုတော့ ဖြစ်သလိုနေတာပေါ့နော်။" လို့ အခက်အခဲကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလကုန်အပတ်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေတွေ မြင့်တက် လာတာကြောင့် ထလာထုကျေးရွာမှာရှိတဲ့ နေအိမ် ၁၄ အိမ်ထဲက ၁၀ အိမ် ရေထဲမျောပါသွားခဲ့သလို  ကျေးရွာရဲ့ သုံးပုံ နှစ်ပုံလောက်လည်း ရေထဲမျောပါသွားခဲ့တာ ဖြစ်ပါတယ်။ 

ထလာထုကျေးရွာဟာ မြန်မာပြည်မြောက်ပိုင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပန်နန်းဒင်မြို့နယ်ထဲက ကျေးရွာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း မီးဘေးသင့်မှု ဖြစ်ပွားခဲ့ပါတယ်။

May 1, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့...
April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...