သမ္မတအမိန့်ဖြင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးနိုင်ဦး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ

သမ္မတအမိန့်ဖြင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးနိုင်ဦး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ယနေ့ ဧပြီ (၆)တွင် ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဦးနိုင်ဦးကို အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ် လက်ရှိ သမ္မတဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် နေပြည်တော်မှ အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဒေါက်တာစန်းရွှေက အတည်ပြု လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးနိုင်ဦးသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် FTPT စနစ်ဖြင့် စစ်တွေမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး လက်ရှိတွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြစ်သည်။

၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအရ ဖွဲ့စည်းပုံပုဒ်မ ၂၆၁(ခ)အရ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်ပြီး သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်ကို အချိန်မရွေး နောက်ထပ် အသစ်လဲနိုင်သည်ဟု ဆိုထားသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်များမှာ ၂၀၁၁ ဇန်နဝါရီ - ၂၀၁၄ ဇွန်လအထိ USDP ကိုယ်စားလှယ်အဖြစ် အမ်းမြို့နယ်မှ ရွေးချယ်ခံခဲ့ရသူ ဦးလှမောင်တင်ဖြစ်သည်။

ယင်းနောက် ၂၀၁၄ ဇွန်လကနေ ၂၀၁၆ မတ်လ အထိ စစ်တပ် ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်း တာဝန်ယူခဲ့သည်။

ပြီးလျှင် ၂၀၁၆ မတ်လမှ ၂၀၂၁ ဖေဖော်ဝါရီအထိ NLD ပါတီ ဂွမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီပုတို့ ဖြစ်ခဲ့သည်။

ယင်းမှတစ်ခါ စစ်အာဏာသိမ်းပြီးချိန်တွင် စစ်ခေါင်းဆောင်သည် ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ဖေဖော်ဝါရီအထိ ဖြစ်ခဲ့သည်။

ထိုမှ တစ်ခါ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ ဧပြီအထိ စစ်ကောင်စီ ဝန်ကြီးချုပ်မှာ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းဖြစ်ခဲ့သည်။

ယခုအခါ ဦးနိုင်ဦးဖြစ်လာသည်။

တစ်ဆက်တည်းတွင် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော် သဘာပတိရာထူးကို တင်မြှောက်ခံထားရသည်။

ယင်းကြောင့် ယခုလွှတ်တော်တွင် ရခိုင်ပါတီများဖြစ်သော ဒေါက်တောအေးမောင် ပါတီ AFP ၊ ဦးဘရှိန် RNP က ကိုယ်စားလှယ်များရှိနေသော်လည်း ကြံ့ခိုင်ရေးနှင့် စစ်တပ်တို့ လွှမ်းမိုးထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၇) ဦး စုစုပေါင်း (၂၈) ဦး ထိုင်ခုံနေရာ ရှိနေသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...