ကသာမြို့မှာ တိုက်ပွဲရပ်တန့်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ

ကသာမြို့မှာ တိုက်ပွဲရပ်တန့်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ စစ်ကော်မရှင်တပ်တွေနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေရပ်တန့်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှု ဆယ်နှင့်ချီရှိခဲ့ပေမယ့်လည်း တိုက်ခိုက်မှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

“ အခုလက်ရှိကတော့ တိုက်ပွဲတွေခဏရပ်နေတာ။ ဒါမယ့် လေယာဥ်ကတော့နေ့တိုင်းချနေတယ်။ ရပ်ကွက် ၃ ကတော့ တော်တော်ထိတယ်။ ဘုန်းကြီးကျောင်းလည်းပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက ကသာမြို့အခြေအနေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းအတွင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲ စစ်ဘေးရှောင်တွေ ၊ သံဃာတော်တွေ ပါဝင်ပြီး ထိခိုက်မှုတွေလည်းများပြားတယ်လို့ဆိုပါတယ်။

ကသာမြို့ လေးထပ်ကျောင်းဆောင်ကြီး တစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး အခြားအဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဒေသခံတစ်ဦး၏ ပြောကြားချက်အရ "တိုက်ခိုက်မှုမှာ ဆွမ်းစားချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟန်းသံဃာများနှင့် ပြည်သူများ သေဆုံးမှုများပြားခဲ့တာ” လို့ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းက ကသာမြို့ ရပ်ကွက် (၃) မှာရှိပြီး အနီးပတ်ဝန်းကျင်ဒေသမှ ထွက်ပြေးလာတဲ့ ပြည်သူ ၁၀၀ ခန့်ဟာအဆိုပါနေရာတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

Most read this week

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...