အင်းတော်ကြီးဒေသ အင်းမြှီးအဝင်အထွက် လမ်းပိုင်းအားလုံး ဖွင့်လှစ်ခြင်းမရှိသေး

အင်းတော်ကြီးဒေသ အင်းမြှီးအဝင်အထွက် လမ်းပိုင်းအားလုံး ဖွင့်လှစ်ခြင်းမရှိသေး

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အင်းမြှီးဒေသအတွင်းကို ကုန်စည်အပါအဝင် ဖြတ်သန်းသွားလာမှုအားလုံးကို ပိတ်ပင်ထားတာဟာ တစ်လကျော်ကြာမြင့်လာပြီး ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံများထံမှ သိရပါတယ်။

အင်းအနောက်ဘက်ကမ်းရှိ အင်းတော်ကြီးမြို့ (လုံးတုံမြို့ )အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KPDF ပူးပေါင်းတပ်ဖွဲ့များရဲ့ ရှော့တိုက်ဒုန်းတိုက်ခိုက်ခံရပြီးနောက် ဖေဖော်ဝါရီလအစကနေစပြီး ဝင်ထွက်ခွက်ပိတ်ပင်ထားတာ ယနေ့အထိပဲဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အင်းမြှီးဒေသအဝင်လမ်းပိုင်းဖြစ်တဲ့ အင်းအရှေ့ဘက်ကမ်းရှိ ဆနွင်းကုန်း ကျေးရွာဘက်ကိုလည်း ပိတ်ပင်ထားတာ လချီကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

“ ကြာဦးမယ်ထင်တယ် လမ်းပိုင်းတွေဖွင့်ဖို့က ဘာပြောသံမှလည်းမကြားရဘူး ဘယ်နေ့ဖွင့်မယ်လည်းမပြောဘူး လေယာဉ်ဝဲသံတွေပဲကြားနေရတယ် မနေ့ကလည်း လေယာဉ်လာဝဲတယ် ရင်တစ်ထိတ်ထိတ်နဲ့ နေနေကြရတာပါ့"လို့ အင်းမြှီးဒေသ ပန်းလားကျေးရွာသူတစ်ဦးက ပြောပြပါတယ်။

ဒီလိုအဝင်အထွက်လမ်းပိုင်းအားလုံးပိတ်ပင်ခံထားရမှုကြောင့် ကုန်စည်များကို ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်က မှော်ဒေသများမှ တင်သွင်းနေရပြီး စျေးနှုန်းကြီးမြင့်နေတာကြောင့် ဆားတစ်အိတ်ကို (၁)သိန်းကျပ်နီးပါး ဝယ်ယူနေရတယ်လို့ သိရပါတယ်။

အလားတူ ယခင် အင်းတော်ကြီးဒေသနဲ့ နှစ်နာရီကျော်ခန့်သာ မောင်းနှင်ရောက်ရှိနိုင်တဲ့ မိုးညှင်းမြို့နဲ့ဟိုပင်မြို့များသို့ ခရီးသွားလာလိုပါကလည်း ကာမိုင်းမြို့မှတစ်ဆင့် ရေကြောင်း၊ကုန်းကြောင်းဖြင့် ညအိပ်ခရီးသွားရောက်နေရကြောင်း ဆိုကြပါတယ်။

အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့နဲ့ အင်းတောင်ကြီးမြို့ အပါအဝင် ကျေးရွာပေါင်း(၃၈)ရွာ ရှိတဲ့အထဲ နန့်မွန်းမြို့နဲ့ အင်းအနောက်ကမ်းရှိ မိုင်းနောင်ကျေးရွာ၊မမုန်ကိုင်ကျေးရွာ၊အင်းအရှေ့ဘက်ကမ်းရှိ ဆနွင်းကုန်း၊အင်းသာကနေ ရွာသစ်ကျေးရွာအထိ ကျားဖြူစစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကသိမ်းပိုက်ထားကာ ကျန်အင်းမြှီးကျေးရွာများကို KPDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၂)ရက်နေ့က အင်းတော်ကြီးမြို့အနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA+PDF တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးတယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။

March 20, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်...
March 19, 2026
ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီ ဆရာတော် ၊...
March 17, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ...
March 14, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ...