ဖရူဆိုမှာ တောင်ယာမီးရှို့ခြင်းနဲ့ စုပေါင်းငါးဖမ်းပွဲကို အကျဉ်းချုပ် ပြုလုပ်

ဖရူဆိုမှာ တောင်ယာမီးရှို့ခြင်းနဲ့ စုပေါင်းငါးဖမ်းပွဲကို အကျဉ်းချုပ် ပြုလုပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) နဲ့ စုပေါင်းငါးဖမ်းဓလေ့ကို ယခု သီတင်းပတ်အတွင်းမှာ အကျဉ်းချုပ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့် ရွေ့ပြောင်းတောင်ယာခုတ်ထွင်မှုတွေကို ယခင်ကာလတွေလို မလုပ်ကိုင်နိုင်ကြတော့သလို၊ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ခုတ်ထားတဲ့ တောင်ယာခင်းတွေကို မီးရှို့တာတွေလည်း မလုပ်နိုင်တော့တဲ့အတွက် ရိုးရာအရ အကျဉ်းချုပ်သာ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

" တောင်ယာမီးရှို့တယ်ဆိုပေမယ့် တောင်ယာမရှို့တာ၊ တောင်ယာတွေမခုတ်နိုင်ကြတော့ ရှိတာတွေပဲ အကျဥ်းချုပ်လုပ်လိုက်ရတယ်။ အရင်ကလို သဘာဝငါးတွေလည်း မရှိတော့ဘူး၊ ဒေသငါးတွေ တော်တော်ရှားပါးလာတယ်၊ မွေးငါးတွေပဲ နည်းနည်းပါးပါးလောက်ပဲကျန်တယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရိုးရာဓလေ့အရ ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) ကို ပြုလုပ်ပြီးရင်တော့ စုပေါင်းငါးဖမ်းတဲ့ဓလေ့ကို ပြုလုပ်ကြတာပါ။

ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) ဓလေ့ဟာ ရှေးယခင်ကတည်းက အဆိုပါဒေသက ကျေးရွာခံတွေ ထိန်းသိမ်းလာတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒေသခံတွေကတော့ ရိုးရာဓလေ့အနေနဲ့ မပျောက်ပျက်အောင် မဖြစ်မနေ နှစ်စဥ် ပြုလုပ်ကြပါတယ်။

တောင်ယာ မီးရှို့တဲ့ဓလေ့အပြင် ကယားရိုးရာဓလေ့တွေနဲ့ တွဲဖက်ပြီး ဒရာစိခူ(နတ်ဆိုးမောင်းထုတ်ခြင်း)၊ နွေရာသီ တောလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ ကယားရိုးရာ အိမ်ဆောက်ခြင်း စတာတွေလည်း ယခုမတ်လမှာပဲ အများဆုံး ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ကယားရိုးရာအရ ဓလေ့ပြုလုပ်တဲ့ ကာလမှာတော့ ကျေးရွာအတွင်း ဧည့်သည်၊ သူစိမ်းတွေ ဝင်ရောက်မှုကို ကန့်သတ်ထားပါတယ်။ ဒီလိုရိုးရာဓလေ့ကို ပြုလုပ်ပေးတာဟာ တောင်ယာ စိုက်ပျိုးချိန်မှာ သီးနှံ ပျက်စီးမှုနည်းပါးတာ၊ ရာသီဥတု ကောင်းမွန်စေတယ်လို့ ရိုးရာဓလေ့ကို လေ့လာလိုက်စားသူတွေက ယုံကြည်အားထားကြပါတယ်။

ကယားရိုးရာ ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) ဓလေ့ကိုတော့ ဖရူဆိုမြို့နယ် ကျေးရွာတွေက နှစ်စဥ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှာ စတင်ဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...