စားဝတ်နေရေး ကျပ်တည်းမှု‌ကြောင့် စစ်တွေတွင် လူမနေသည့် အိမ်များကို ဖြိုဖျက်ရောင်းစားနေကြ

စားဝတ်နေရေး ကျပ်တည်းမှု‌ကြောင့် စစ်တွေတွင် လူမနေသည့် အိမ်များကို ဖြိုဖျက်ရောင်းစားနေကြ

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် ဒေသခံအချို့မှာ မိသားစုစားဝတ်နေရေးအတွက် လူမနေသော နေအိမ်များ ဖြိုဖျက်ပြီး အုတ်၊ ကျောက်များကို ထုခွဲရောင်းချ စားသောက်နေရကြောင်း သိရသည်။

အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်‌ဈေးနှုန်း အဆမတန်မြင့်တက်မှုတို့ကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ဒေသခံအချိူ့မှာ လူမနေသော နေအိမ်များရှိ အုတ်နံရံများ၊ တံခါးဘောင်များကို ထုခွဲရောင်းချ၍ စားသောက်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေ ဒေသခံ အမျိူးသမီးတစ်ဦးက “ ဒီမှာက အလုပ်အကိုင်လည်း မရှိဘူး။ အကုန်လုံးက ငတ်နေတဲ့ အခြေအနေပါ။ ဒါကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ လမ်းမထက်ပေါ်မှာ ခင်းထားတဲ့ ကျောက်တွေ၊ လူမနေတဲ့ အိမ်တွေက အုတ်တွေ၊ ကျောက်တွေကို သံတူးရွင်း၊ တူ၊ ဆောက်တွေနဲ့ ထုခွဲပြီး ရောင်းချနေရတယ် ” ဟု ပြောသည်။

ထိုသို့ ထုခွဲရောင်းချရာတွင် အမာပါသည့် ကျောက်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀ ရပြီး၊ ဘိလပ်မြေအုတ်ကျိုးအပဲ့ အမှုန့်တစ်အိတ်ကို ၂,၅၀၀ ကျပ်သာရကြောင်း သိရသည်။

ယင်းကြောင့် အခြေခံလူတန်းစားများမှာ တစ်ရက်လုံး ကျောက်ထုခွဲမှ ကျောက်အမှုန့် အိတ်နှစ်အိတ်လောက် သာရရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မှုန့်များကို ဒေသခံအချို့က အိမ်ဆောက်ရာတွင် အသုံးပြုရန် ကုန်တင်ကားတွေနှင့် လာရောက် ဝယ်ယူကြောင်း သိရသည်။

ယင်းပြင် ၂၀၂၃ နိုဝင်ဘာ ရခိုင်မြို့သိမ်းတိုက်ပွဲစတင်ကတည်းက စစ်ကောင်စီသည် စစ်တွေမြို့ကို ရေလမ်း၊ ကုန်းလမ်းခရီးများကို ပိတ်ဆို့ထားပြီး၊ စစ်တွေဒေသခံများမှာ ကုန်စည်ပြတ်တောက်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည်။

ထို့ကြောင့် လက်ရှိတွင်လည်း ရန်ကုန်ကနေ စစ်တွေသို့ ကုန်သင်္ဘာကြီးများဖြင့် ကုန်စည်ဝင်ရောက်မှု နည်းပါးသောကြောင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ပြောသည်။

“ အခုက တော်တော်ကို အခက်ခဲတွေကို ကြုံနေရပါတယ်။ ဝင်ငွေက မရှိဘူး။ ကုန်ဈေးနှုန်းတွေက အရင်တွေ ထက်ပိုပြီး ဈေးတက်လာတယ်။ ငရုပ်သီး၊ ကြက်သွန်၊ ဆန်တွေ စတဲ့ အခြေခံကုန်ဈေးနှုန်းတွေက တအားဈေးကြီးလာတော့ စားဝတ်နေရေးအတွက် တော်တော်လေးကို ရုန်းကန်လှုပ်ရှားရတယ် ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်တွေတွင် ကုန်စည်ပြတ်တောက်မှုကြောင့် လက်ရှိတွင် ကြက်သွန်အနီ တစ်ပိဿာကို ငွေကျပ် ၁၀,၀၀၀ ခန့်၊ စားအုန်းဆီ တစ်လီတာကို ငွေကျပ် ၈,၀၀၀ ခန့်၊ ဝက်သား၊ အမဲသား တစ်ပိဿာကို ငွေကျပ် ၇၅,၀၀၀ အထိ၊ ရွေပေါ် ဆန်တစ်အိတ်ကို ငွေကျပ် ၂၃၀,၀၀၀ ခန့်၊ ငရုတ်သီးတစ်ပိဿာကို ငွေကျပ် ၁၈,၀၀၀ ခန့်နှင့် ဓာတ်ဆီ၊ ထင်းများလည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့အနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် ဒေသခံများကို မကြာခဏ ဧည့်စာရင်း စစ်ကာ ဖမ်းဆီးမှုများ ရှိနေသောကြောင့် စစ်တွေဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို အလူးအလဲခံစားနေကြရသည်။

ပုံစာ - ၂၀၂၁ ခုနှစ်တွင် ရခိုင်ပြည်၊ စစ်တွေမြို့ တစ်နေရာတွင် ဒေသခံများ ကျောက်ထမ်းနေသည့် မြင်ကွင်း။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...
February 27, 2026
စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ...
February 26, 2026
ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊...