ကရင်နီသူနာပြုများအစည်းအရုံးတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား ကျင်းပ

ကရင်နီသူနာပြုများအစည်းအရုံးတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား ကျင်းပ

ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA) ရဲ့ တည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

ကရင်နီသူနာပြုများ အစည်းအရုံး KNA ရဲ့ တည်ထောင်ခြင်းလေးနှစ်ပြည့်နဲ့အတူ လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေကို KNA ရဲ့ ဒုဥက္ကဋ္ဌ ဆရာမ ကြဲကြဲ က ခုလိုပြောပါတယ်။

"ဒီလေးနှစ်အတွင်းမှာကတော့ ကျမတို့ လုပ်နိုင်ခဲ့ခြင်းဆိုတာကလည်း ကျမတို့တစ်ဦးတစ်ယောက် ဒီအဖွဲ့စည်း တစ်ခုတည်းမဟုတ်ဘူးပေါ့နော်။ ကျမတို့ ပြည်တွင်း ပြည်ပ ပညာရှင်တွေရဲ့အားပါတယ်။ လူထုရဲ့အားပါတယ်။ အရင်ဆုံးအနေနဲ့ ကာကွယ်ဆေးပေါ့နော်။၂၀၂၃ ကနေ နိုဝင်ဘာကနေ အခုဆို ကျမတို့ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သွားပြီပေါ့။ ငါးနှစ်အောက်ကလေးငယ်တွေကိုကော ကိုယ်ဝန်ဆောင်မိခင်တွေကိုကော အများကြီး ဆေးတွေ ထိုး‌ပေး နိုင်ခဲ့ပြီ။" လို့ဆိုပါတယ်။

ဒါ့အပြင် ကရင်နီလူထုတွေရဲ့ အားပေးလက်ခံမှုတွေကိုလည်း ရရှိလာသလို ကရင်နီရဲ့တစ်ပြည်နယ်လုံးမှာ KNA ဆေးခန်း (၄၅)လုံးကို တခြားသော ကျန်းမာရေးမိတ်ဖွဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွင့်လှစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီနှစ်မှာတော့ ကျမတို့က ဗျူဟာ (၆)ခုနဲ့ ဆက်ပြီးသွားမှာဖြစ်တယ်။ အဓိကက ဒီကရင်နီလူထု‌အတွက်ကို ရှေးရှုပြီး ကာကွယ်ဆေးလုပ်ငန်းတွေကို ကျမတို့ ဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားမယ်။ အထူးသဖြင့် ကျမတို့ လိုအပ်ချက်ဖြစ်နေတဲ့ ပဏမ ကျန်းမာရေး ဝန်ဆောင်မှုကို ကျမတို့ ဆက်သွားမှာပဲဖြစ်တယ်" လို့ KNA ရဲ့  ဒုဥက္ကဋ္ဌ ဆရာမ ဂျဲဂျဲ က ခုလိုပဲ ဆက်ပြောပါတယ်။

အခမ်းအနားမှာ လေးနှစ်အတွင်း ကရင်နီလူထုရဲ့ ကျန်းမာရေးကဏ္ဍမှာ စွမ်းစွမ်းတမံ လုပ်ဆောင်‌ပေးခဲ့ကြတဲ့ ကျန်းမာရေးလုပ်သားတွေကို အသိမှတ်ပြု ဆုပေးခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်းနဲ့အခြားသော အစီစဉ်များပါဝင်ပါတယ်။

KNAရဲ့ (၄)နှစ်ပြည့် အခမ်းအနားကို KSCC မှ တာဝန်ရှိသူများ၊ IEC မှ တာဝန်ရှိသူများနဲ့ အတူ ကရင်နီ တစ်ပြည်နယ်လုံးက ကျန်းမာ‌ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ လည်း တက်ရောက်လာကြတယ်လို့လည်း သိရပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...