ကန်ပက်လက်မြို့နယ်မှာ Starlink စက်တွေ အသိမ်းခံရ

ကန်ပက်လက်မြို့နယ်မှာ Starlink စက်တွေ အသိမ်းခံရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ စိုးလို့ ဒေသခံတွေရဲ့ Starlink စက်တွေကို ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေက ယာယီအကုန်လိုက်သိမ်းတာ ၁ လနီးပါးရှိလာပြီလို့ အဝေးရောက် ကန်ပက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။

အဝေးရောက် ကန်ပက်လက်ဒေသခံတစ်ဦးက “ အိမ်နဲ့ အဆက်အသွယ်မရတာ ၁ လောက်ရှိတော့မယ် ကျနော်တို့ကြားတာကတော့ ကန်ပက်လက်မြို့နယ် ၊ နယ်ဘက်တွေမှာ Starlink စက်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက အကုန်လိုက်သိမ်းလိုက်တယ်လို့ သိရတယ် ဘာကြောင့်လဲဆိုရင် တပ်သားစုဆောင်းတာတွေ လုပ်တဲ့အခါ လိုင်းပေါ်မှာ ဝေဖန်သံတွေ ထွက်မှာ စိုးရိမ်လို့အခုလို သိမ်းတာလို့ သိရတယ် နောက်ထပ် ၂ လ၊ ၃ လလောက်တော့ ကြာနိုင်သေးတယ်လို့ ခန့်မှန်းတာတွေလည်းရှိတယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့ပေါ်နေ ဒေသခံအများစုဟာ တိုက်ပွဲပဋိပက္ခတွေအပြင် လေကြောင်းအန္တရယ် စတာတွေကြောင့် မြို့ပေါ်နေထိုင်သူလူဦးရေထက် နယ်ဘက်ရွာဘက်တွေမှာ နေထိုင်ဦးရေဟာ ပိုများတယ်လို့လည်း သိရပါတယ်။

ကန်ပက်လက်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် မြို့ရဲ့ အုပ်ချုပ်ရေးတွေကို CDF – Kanpetlet က ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အပါအဝင် မြို့နယ် (၇) မြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဖြစ်လို့ ဒေသခံတွေဟာ Starlink Internet Wifi တို့ကို အဓိကထား သုံးစွဲနေရတာလည်းဖြစ်ပါတယ်။

July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...