ပဲပုတ်ဖတ်တွေကို ဝယ်ယူဖို့ အမေရိကန်နဲ့ မြန်မာဆွေးနွေး

ပဲပုတ်ဖတ်တွေကို ဝယ်ယူဖို့ အမေရိကန်နဲ့ မြန်မာဆွေးနွေး

အမေရိကန်ရဲ့ ပဲပုတ်ဖတ်တွေကို မြန်မာနိုင်ငံက ဝယ်ယူဖို့အတွက် အမေရိကန်တင်ပို့ရောင်းချသူ နဲ့ မြန်မာဝယ်ယူသူတွေကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ််လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မနေ့က ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပဲပုတ်ဖတ်တွေကို ဝယ်ယူဖို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) နဲ့ အမေရိကန်က International Feed Corporation တို့ကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးကြတာဖြစ်ပါတယ်။

ဒီ( MOU) လက်မှတ်ရေးထိုးတာကိုတော့ အမေရိကန်သံရုံးက မျက်မြင်အဖြစ်ပါဝင်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးတဲ့အပြင် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ရေရှည်စီးပွားရေးအဆက်အသွယ် ပိုအားကောင်းလာစေတယ်လို့ပြောပါတယ်။

ဝယ်ယူနဲ့ ထုတ်လုပ်သူတွေအတွက် အခွင့်အလမ်းအသစ်တွေကို ဖန်တီးမယ့် ကုန်သွယ်ရေးအစီအစဉ်ကို ကြိုဆိုတယ်လို့ အမေရိကန်သံရုံးကထုတ်ပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တိရိစ္ဆာန်အစာပြုလုပ်ဖို့အတွက် ဆီထွက်သီးနှံတွေရဲ့ ကြိတ်ဖတ်တွေနဲ့ ပြန်လည် ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

ဆီစက်တွေက ထွက်ရှိတဲ့ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညင်းဖတ်၊ ပန်းနုဖတ်၊ ပဲပုပ်ဖတ် တွေဟာ မွေးမြူရေးကဏ္ဍအတွက် အရေးပါတဲ့ ကုန်စည်တွေဖြစ်ပါတယ်။

ပြည်တွင်းက ထွက်ရှိတဲ့ ကြိတ်ဖတ်တွေဟာ (၂၀၂၅) ခုနှစ် လယ်ပိုင်းမှာ စျေးနှုန်းကြီးမြင့်လာတာကြောင့် စျေးနှန်းကြီးမြင့်အောင် မပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း (MEOMA )က အသိိပေးခဲ့ပြီး ပြုလုပ်ခဲ့မယ်ဆိုရင် နိုင်ငံခြားကနေ တင်သွင်းရမယ့်အခြေအနေလို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

May 19, 2026
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၄)ရှိ  လူနေအိမ်ပေါ်မှာ မေလေ(၁၇)ရက်နေ့...
May 16, 2026
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော...
May 15, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့...
May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...