အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း အလုံးစုံပြန်ဖွင့်

အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း အလုံးစုံပြန်ဖွင့်
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG

အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှ စ၍ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

AA တာဝန်ရှိသူများနှင့် လောင်တလိုင်ခရိုင်တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် လောင်တလိုင်ခရိုင်အတွင်းက ပိတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။

ရခိုင်ကုန်သည် အမျိုးသားတစ်ဦးက “AA နဲ့ CLYA အကြား ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် မနေ့မနက်မှာ စတင်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ လောင်တလိုင်ဖက်က ကုန်သည်တွေနဲ့ တခြားခရိုင်ကတွေက ကုန်သွယ်တွေပါ စတင်ကုန်သွယ်မှုတွေ ပြုလုပ်နေကြပြီ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်က ပလက်ဝမြို့နယ်၊ ရှင်းလက်ဝတွင် အိန္ဒိယနိုင်ငံသား ကုန်စည်လာပို့သည့် ကားမောင်းတစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် အဆိုပါလမ်းကြောင်းကို အိန္ဒိယဘက်က ၂ လ ကြာ ပိတ်လိုက်သည်။

ယင်းနောက် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆိုင်းဟာခရိုင်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်ဖွင့်ပေးခဲ့ပြီး လောင်တလိုင်ခရိုင်အတွင်းက နယ်စပ်ဂိတ်များကိုပါ ပြန်ဖွင့်လိုက်သဖြင့် မူလအတိုင်း အလုံးစုံကုန်သွယ်ခွင့်ပြန်ရခဲ့ပြီဖြစ်သည်။

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ပြည်အတွက် အလွန်အရေးပါသဖြင့် ယခုကဲ့သို့ လမ်းပိတ်မှုများနှင့် အနှောင့်အယှက်များမဖြစ်ပေါ်စေရန် အတတ်နိုင်ဆုံးရှောင်ရှားသင့်ကြောင်းလည်း ကုန်သည်များက တိုက်တွန်းထားကြသည်။

“ဒီလို ကုန်သွယ်မှု အရအရေးပါတဲ့ လမ်းကြောင်းတွေကို ပိတ်လိုက်ရတာမျိုးတွေ ထပ်ဖြစ်မလာအောင် နှောက်ယှက်မှုတွေမရှိအောင် အာဏာပိုင်တွေဖက် ထိန်းကျောင်းမှုရှိဖို့ လိုအပ်သလို ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေဖက်ကလည်း အာဏာပိုင် ထုတ်ပြန်တဲ့ စည်းကမ်းတွေကို လိုက်နာပေးဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု နောက်ထပ် ရခိုင်က နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ပိတ်ဆို့ခံထားရသည့် ရခိုင်ဒေသအတွက် အိန္ဒိယလမ်းကြောင်းကို အဓိက အားထားနေရခြင်းဖြစ်သည်။ ထိုလမ်းကြောင်းမှာ မကြာခဏ ပိတ်ပင်မှုများရှိနေသဖြင့် ဒေသအတွင်း ရိုက်ခတ်မှုများလည်း ကြုံကြရသည်။

June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...