ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကလေးအပါအဝင် အရပ်သား ၁၅၀ ကျော် သေဆုံးဒဏ်ရာရ

ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကလေးအပါအဝင် အရပ်သား ၁၅၀ ကျော် သေဆုံးဒဏ်ရာရ
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM

ရခိုင်လက်ကျန်မြို့ထဲမှ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ လက်ရှိတွင် တစ်နှစ်ကာလအတွင်း ရောက်ရှိလာနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သား ထိခိုက်သေဆုံးသူဦးရေမှာလည်း မြင့်တက်လျက်ရှိနေသည်။

ယနေ့၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျောက်ဖြူတိုက်ပွဲတစ်နှစ်ပြည့်ပြီဖြစ်ပြီး တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၅၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၁ ဦးထိရှိကြောင်း DMG စာရင်းအရ သိရသည်။

စစ်ကောင်စီ၏ မြေပြင်၊ ရေပြင်လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်း၊ ပါရာမိုတာတို့ဖြင့် အရပ်သားနေထိုင်ရာသို့ ဦးတည်တိုက်ခိုက်မှုတို့ကြောင့် ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

DMG က ပြုစုထားသော စာရင်းအရ သေဆုံးဒဏ်ရာရရှိမှုထဲတွင် ၉ လအရွယ် ကလေးငယ် ၁၅ ဦး ထက်မနည်း ပါဝင်နေပြီး အမျိုးသမီး ၃၀ ထက်မနည်းလည်း သေဆုံးဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့မှုကြောင့် ဦးကင်း၊ ရှောက်ချောင်း၊ ကြံချိုင်၊ ကပ်သပြေစသည့် ကျေးရွာ ၁၁ ရွာက အိမ်ခြေ ၇၀၀ ကျော် ထက်မနည်း ပျက်စီးခဲ့ရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်မှ လူဦးရေ ၆ သောင်းကျော်မှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုဒဏ်ခံစားနေရသဖြင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်ချက်မြင့်မားလျက်ရှိသည်။

March 12, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသတွင် စက်သုံးဆီဈေးနှုန်း ၂ ဆအထိ မြင့်တက်လာ နေပြီး...
ဓာတ်ပုံ - AA Info Desk
March 11, 2026
(သုံ့ပန်းအများဆုံး သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကျူးလွန်ခဲ့ခြင်းဖြစ်...
ဂုတ်ကြီးကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)
March 10, 2026
ရခိုင် - မကွေးအစပ် ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ပါ...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့်...