ဟားခါးမြို့နားက တောတောင်တွေမှာ ပြည်သူများ သွားလာလှုပ်ရှားခြင်းမပြုလုပ်ကြဖို့ CDF – Hakha ထုတ်ပြန်

ဟားခါးမြို့နားက တောတောင်တွေမှာ ပြည်သူများ သွားလာလှုပ်ရှားခြင်းမပြုလုပ်ကြဖို့ CDF – Hakha ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လုံခြုံရေး အခြေအနေတွေကြောင့် သွားလာလှုပ်ရှားခြင်း မပြုလုပ်ကြဖို့ CDF – Hakha တပ်ဖွဲ့က အများပြည်သူကို အသိပေးထုတ်ပြန်ထားပါတယ်။

အခုလိုထုတ်ပြန်ရတာဟာ လုံခြုံရေးနှင့် သက်ဆိုင်တဲ့ အခြေအနေတွေကြောင့် အန္တရာယ်ဖြစ်ပေါ်လာနိုင်တာဖြစ်လို့ ပြည်သူလူထုရဲ့ အသက်အန္တရာယ် ကာကွယ်ရေးအတွက် အခုလို ကန့်သတ်သတ်မှတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အသိပေးထုတ်ပြန်ချက်နဲ့ ပက်သက်ပြီး အများပြည်သူအနေဖြင့် လေးနက်စွာ လိုက်နားပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ CDF – Hakha က ထုတ်ပြန်ပါတယ်။

CDF – Hakha တပ်ဖွဲ့ဟာ ဟားခါးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းကလည်း ဟားခါးမြို့အခြေစိုက် ရုန်းတောင်ရှိ စစ်ကော်မရှင်တပ်စခန်းကို တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

March 20, 2026
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံးအနေဖြင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့်...
March 17, 2026
နိုင်ငံတကာကလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့...
March 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့...
March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...