လူမှုသဟဇာတဖြစ်ရေးကို ရည်ရွယ်ပြီး လူမျိုးပေါင်းစုံ ဘောလုံးပွဲကျင်းပခဲ့

လူမှုသဟဇာတဖြစ်ရေးကို ရည်ရွယ်ပြီး လူမျိုးပေါင်းစုံ ဘောလုံးပွဲကျင်းပခဲ့
ဓာတ်ပုံ - Arakan Students’ Union
ဓာတ်ပုံ - Arakan Students’ Union

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်တွင်းနေ လူမှုသဟဇာဖြစ်စေရေးအတွက် လူမျိုးပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ရခိုင်ပြည်အတွင်း နေထိုင်ကြသော ရခိုင်၊ ချင်း၊ သက္ကမ၊ ကမန်နှင့် မွတ်ဆလင်များ အပါအဝင် လူမျိုးစုံပါဝင်ခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေ အရပ်ဒေသ မတူကြဘူးလေ။ လူမျိုးစုံပါလာကြတယ်။ ဒါကြောင့် ဒေသခံ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်မျိုးနွယ်စုတွေကြား လူမှုသဟဇတဖြစ်အောင် ရည်ရွယ်ပါတယ်။ ပြီးတော့ အာရက္ခပြည် ပြန်လည်တည်ဆောက်ရေးမှာ အချင်းချင်းယုံကြည်မှုတွေ ဖလှယ်ကာ ဆုံးရှုံးသွာတဲ့ အတိတ်က အမှားသင်ခန်းစာတွေကို မေ့ထားပြီး အနာဂတ်တွေအတွက် လက်တွဲခေါ်ယူ ဖေးမကူညီနိုင်အောင်ဖြစ်တယ် ” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလှပန်တူက DMG ကို ပြောသည်။

အဆိုပါ အားကစားပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဇန်နဝါရီ ၁၈ ရက်အထိ နှစ်ပတ်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အမျိုးသား၊ အမျိုးသမီး၊ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်းလည်း ဆိုသည်။

ထိုသို့ ချစ်ကြည်ရေး အားကစားပွဲကျင်းပခြင်းအားဖြင့် ရခိုင်ပြည်တွင်းနေ မျိုးနွယ်စုဝင်များအားလုံး ချစ်ခင်စည်းရုံးကာ ယုံကြည်မှုတိုးလာစေရန် ထင်မြင်မိကြောင်း ၎င်းက ပြောသည်။

“နောက်ထပ်လည်း ကျောင်းသားသမဂ္ဂအနေနဲ့ ဆက်လက် အာရက္ခဒေသမှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ အတွက် ကိုယ်တတ်နိုင်တဲ့ ဘယ်အခန်းကဏ္ဍတွေကမဆို အနာဂတ်အာရက္ခပြည်အတွက် လုပ်ဆောင်ပေးနိုင်တဲ့ အရာတွေကို လုပ်ဖို့ရှိတယ် ” ဟု ကိုလှပန်တူက ဆက်ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်နိုဝင်ဘာလကစပြီး မြို့သိမ်းတိုက်ပွဲများပြင်းထန်ခဲ့ကာ လက်ရှိတွင် အာရက္ခတပ်တော်က ရခိုင်ပြည်မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်မြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...