မြဝတီမြို့ပေါ် KNA တပ်များထွက်ခွာပြီးနောက် စစ်ကော်မရှင်က စစ်အင်အားဖြန့်ကျက်နေရာယူ

မြဝတီမြို့ပေါ် KNA တပ်များထွက်ခွာပြီးနောက် စစ်ကော်မရှင်က စစ်အင်အားဖြန့်ကျက်နေရာယူ

နယ်ခြားစောင့်တပ် BGF မှ ပြောင်းလဲဖွဲ့စည်းထားတဲ့ ကရင် အမျိုးသားတပ်မတော် (KNA) တပ်တွေဟာ မြဝတီမြို့ကနေ ဆုတ်ခွာမှုတွေပြုလုပ်နေပြီး စစ်ကော်မရှင်က နေရာအနှံ့ဖြန့်ကျက်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

KNG တပ်တွေဟာ ဇန်နဝါရီလ (၂၅) ရက်နောက်ဆုံးထား ဆုတ်ခွာဖို့ စစ်တပ်က ထုတ်ပြန်စာပေးပို့ခဲ့ပြီးနောက် မြို့ပေါ်တစ်လျှောက် စစ်အင်အား ဖြန့်ကျက်နေရာယူထားတယ်လို့ ဒေသခံသတင်း အရင်းအမြစ်တစ်ဦးမှ သိရပါတယ်။

“ မြို့ထဲမှာ သံချပ်ကာ ၅ စီးလှည့်နေတာပဲ ခြောက်တဲ့သဘောမျိုးလားတော့မသိဘူး။ နေရာတိုင်းမှာရှိတယ်။ KNA ကအကုန်ရွေ့သွားပြီ။ မြို့ပြင်ရဲ့ မြောက်ဘက်ခြမ်းမှာ သူတို့တပ်မဟာ ရှိတယ်လေ” လို့ သူကဆိုပါတယ်။

BGF ကနေ ဘတ်တံဆိပ်ပြောင်းပြီး KNA ဖွဲ့စည်းမှုကို စစ်တပ်က တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ သိရပါတယ်။

KNA ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုကျားဖြန့်ဆိုဒ်အပါအဝင် တခြားအကျိုးစီးပွားနေရာတွေကို လေကြောင်းကနေ ဖျက်ဆီးပစ်မယ်ဆိုတဲ့ ဖိအားပေးမှုတွေရှိလိမ့်မယ်လို့လည်း ဒေသခံများကပြောဆို နေကြတာဖြစ်ပါတယ်။

အွန်လိုင်းကနေ ပျံ့နှံ့လာတဲ့ စာထဲမှာ DKBA နဲ့ KNU/KNLA-PC တပ်များက မြဝတီမြို့လုံခြုံရေးအတွက် အတူ ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း ပါဝင်တာဖြစ်ပါတယ်။

လက်ရှိမှာ KNA က အဲဒီမြို့ရဲ့ မြောက်ပိုင်းလုံခြုံရေးကိုသာ တာဝန်ယူထားတာဖြစ်ပြီး စစ်ကော်မရှင်နဲ့ ယခုအချိန်ထိ ညှိယူနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

March 31, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ် ခိုပဲဝဆိပ်ကမ်းမှာ...
March 28, 2026
နေ့စဉ်ဆီတန်းစီစရာမလိုတော့ဘဲ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏအတွက် အကြိမ်ရေနဲ့...
March 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့...
March 26, 2026
တအာင်း(ပလောင်)တပ် (TNLA) က စစ်တပ်ထံကို ပြန်အပ်ခဲ့တဲ့ မိုးကုတ်မြို့နယ်ထဲမှာ NUG လက်အောက်က PDF...