ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်

စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲစတင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

ထီးချိုင့်တံတားတစ်ဝိုက်နဲ့ ထီးချိုင့်မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နောက်ဆုံးသိရတဲ့စစ်ရေးအခြေနေကို ထီးချိုင့်ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

“ထီးချိုင့်ပြန်စနေပြီနော်။ မနေ့ကမနက် ၅ နာရီလောက်ကစတာ။ မနေ့ကညနေအထိ အသံတွေဆူနေပေမဲ့ အခုချိန်ထိငြိမ်နေ သေးတယ်။ အထိအခိုက်လည်း မသိရသေးဘူ။ တံတားဝန်းကျင်ကိုအဓိကတိုက်နေတာဗျ။ မြို့ထဲနေရာတချို့တွေလည်း ရှိတယ်”လို့ပြောပါတယ်။

လုံခြုံရေးအခြေနေအရ တိုက်ပွဲအခြေနေအသေးစိတ်ကို ပြောပြဖို့အတွက် သတင်းရင်းမြစ်ကငြင်းဆိုပြီး မြို့သိမ်းတိုက်ပွဲစတင်တာ မှန်ကန်ကြောင်းတော့ အတည်ပြုပါတယ်။

လက်ရှိမှာတော့ ထီးချိုင့်မြို့တွင်းနေထိုင်တဲ့ဒေသခံတွေနဲ့ မြို့အနီးဝန်းကျင်ကရပ်ကွက်တွေ၊ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထီးချိုင့်မြို့နယ်အတွင်း အင်တာနက် အသုံးပြုခွင့်ကိုကန့်သတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့်မြို့ တံတားနဲ့ ၄ ရွာလောက်ပဲခြားပြီး ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ကျော်ဝန်းကျင်သာဝေးတဲ့ ကသာမြို့ဒေသခံတွေကတော့ တိုက်ပွဲသံတွေကြားနေရတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“တအုန်းအုန်းတဒိုင်းဒိုင်းနဲ့ကိုကြားနေရတာ။ ထီးချိုင့်မြို့ပေါ်မှာထင်တယ်။ မနေ့ကတည်းကနဲ့ညကတည်းက တစ်ညလုံးပဲ။ ဒီနေ့ မနက်အထိ တအုန်းအုန်းတဒိုင်းဒိုင်းနဲ့ ကျနော်တို့ကြားတာတော့ ထီးချိုင့်ကစပြီးပစ်နေပြီလို့ကြားတာပဲ။”လို့ ကသာမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းကလည်း တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် မြို့ကို ဝင်တိုက်ခဲ့ပြီး မြို့ရဲ့နေရာအတော်များများကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ကော်မရှင်ရဲ့ သာလွန်တဲ့လေကြောင်းအင်အားနဲ့ တိုက်ခိုက်မှုတွေအပြင် ရည်ရွယ်ချက်ရှိရှိ နေအိမ်မီးရှို့ဖျက်ဆီးတာတွေကြောင့် မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့ရတာပါ။

အဲ့ဒီလိုနဲ့ မြို့သိမ်းတိုက်ပွဲတစ်နှစ်ကျော်အကြာမှာရပ်နားခဲ့ရတာ ယနေ့အထိဖြစ်ပြီး ကြားထဲမှာမကြာခဏထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာ အဆိုပါ ပထမအကြိမ်မြို့သိမ်းတိုက်ပွဲကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အရပ်သားတွေဟာလည်း ယနေ့အထိ ဘေးလွတ်ရာတွေမှာတိမ်းရှောင်နေကြဆဲဖြစ်ပြီး မြို့တွင်းကျန်နေတဲ့အရပ်သားတွေနဲ့ မြို့အနီးတစ်ဝိုက်နေထိုင်တဲ့ ဒေသခံတွေဟာလည်း ဒီရက်ပိုင်းမှာပြန်လည်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နဲ့ ကပ်လျှက်မှာတည်ရှိတဲ့ ကသာမြို့မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်း တိုက်ပွဲပြင်းထန်နေတာ ဒီနေ့အထိဖြစ်ပြီး ကသာမြို့ခံအများစုဟာ ဘေးလွတ်ရာတွေကိုထွက်ပြေးနေကြရတာ တစ်လကျော်ရှိလာပြီ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ကို ကုန်းလမ်းကြောင်းအနေနဲ့ မန္တလေး-ဗန်းမော်လမ်း၊ မန္တလေး-မြစ်ကြီးနားလမ်းဟာ ထီးချိုင့်မြို့ကိုဖြတ်သွားရတာဖြစ်ပြီး တစ်ဖက်မှာ မန္တလေး-စစ်ကိုင်း-ဗန်းမော် ရေလမ်းကြောင်းအတွက်လည်း အဓိကနေရာမှာရှိနေတဲ့ ထီးချိုင့်မြို့ဟာ နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအလွန်အရေးပါတဲ့နေရာလို့ စစ်ရေးနိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...