အင်းတော်ကြီးမှာ ပျောက်ကွယ်နေသည့် ငှက်မျိုးစိတ် (၃) ခုအပါအဝင် ဆောင်းခိုငှက် နှစ်သောင်းကျော် စာရင်းကောက်နိုင်ခဲ့

အင်းတော်ကြီးမှာ ပျောက်ကွယ်နေသည့် ငှက်မျိုးစိတ် (၃) ခုအပါအဝင် ဆောင်းခိုငှက် နှစ်သောင်းကျော် စာရင်းကောက်နိုင်ခဲ့

အင်းတော်ကြီးဒေသမှာ ယခုနှစ်အတွင်း ဆောင်းခိုငှက်နဲ့ ဒေသရင်း ရေပျော်ငှက် အကောင်ရေစုစုပေါင်း (၂၄၁၇၇) ကို စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာ အာရှရေပျော်ငှက်စာရင်းကောက်ယူမှုတွေကိုပြုလုပ်ခဲ့ပြီး အဲ့ဒီမှာ ရှားပါးဆောင်းခိုငှက်မျိုးစိတ် (၂၉ )မျိုး၊ ဒေသရင်း ရေပျော်ငှက်မျိုးစိတ် (၁၇) မျိုး ကို ကောက်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ငှက်မျိုးစိတ် စုစုပေါင်း (၃၆) မျိုးရှိပြီး ယခင်နှစ်တွေက မတွေ့ရတဲ့ စက္ကဝက် (၄)ကောင်၊ ငှက်နှုတ်သီးလန် (၃)ကောင်နဲ့ ဒီလုံးရင်ညို (၆) ကောင်ကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ငှက်မျိုးစိတ်အရေအတွက်တွေ့ရှိမှု ပိုများလာခဲ့ပြီး အာဏာမသိမ်းခင်နှစ်အစောပိုင်းတွေနဲ့ နှိုင်းယှဉ်ပါက ငှက်အကောင်ရေလျော့နည်းနေပါသေးတယ်။

ဆောင်းရာသီမှာ ရွေ့ပြောင်းတံငါသည်တွေက ငါးတွေအပြင် လာရောက်ဆောင်းခိုကြတဲ့ ငှက်တွေကိုပါဖမ်းပြီး စီးပွားဖြစ်ရောင်းချမှုတွေရှိနေတာကြောင့်မို့ တချို့မျိုးစိတ်တွေမရှိမှုနဲ့ အကောင်ရေလျော့ကျလာမှုတွေကိုဖြစ်စေတာလို့ အင်းတော်ကြီးဒေသခံတွေက ဆိုကြပါတယ်။

အာရှရေပျော်ငှက်စာရင်းကောက်ယူမှုကို အာရှတိုက်ရှိ နိုင်ငံအသီးသီးကလည်း ၎င်းတို့ဒေသအလိုက် တစ်ချိန်တည်းကောက်ယူမှုပြုကြပါတယ်။

အင်းတော်ကြီးကန်က ရမ်ဆာရေတိမ်ဒေသအဖြစ် (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလ တွင် သတ်မှတ်ခြင်းခံခဲ့ရသလို UNESCO ရဲ့ Man and Biosphere Reserve ဒေသအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...