လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၂၃၂၆ ဦးသေဆုံးခဲ့ရ

လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၂၃၂၆ ဦးသေဆုံးခဲ့ရ

၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ဦးရေဟာ ၂,၃၂၆ ဦး သေဆုံးခဲ့ရပြီး ၄ ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁ နှစ်အတွင်း လ အလိုက် သေဆုံးသူဦးရေ၊ထိခိုက်ပျက်စီးသွားတဲ့နေအိမ်အဆောက်အအုံတွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံ စာရင်းတွေကို NUG က ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဒီထဲမှာ အောက်တိုဘာလ၊ သြဂုတ်လ နဲ့ မေလ တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက အများဆုံးလတွေဖြစ်တယ်လို့လည်းတွေ့ရပြီး ပညာရေးဆိုင်ရာအဆောက်အအုံ စုစုပေါင်း ၁၀၂ အုံပျက်စီးပြီး ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၆ နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံပျက်စီးမှုကလည်း စုစုပေါင်း ၁၉၀ လောက်ရှိတယ်လို့ NUG က ဖော်ပြထားတာတွေ့ရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ဆောမြို့နယ်ရှိ စစ်ဘေးရှောင်နေရာတွေကို အကြောင်းမဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့သလို လူနေအိမ်အဆောက်အဦး ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...
March 4, 2026
Chin resistance forces have been confiscating equipment connected to the Starlink internet...
March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...