မယ်စဲ့အကျဉ်းထောင်ကနေ ထွက်ပြေးတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၃၀ ဦးကို ထိုင်းမှာ ဖမ်းမိ

မယ်စဲ့အကျဉ်းထောင်ကနေ ထွက်ပြေးတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၃၀ ဦးကို ထိုင်းမှာ ဖမ်းမိ
ဓာတ်ပုံ - Thai PBS North
ဓာတ်ပုံ - Thai PBS North

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ အကျဥ်းထောင် အမှတ် ၂ ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက အယောက် ၃၀ ကို ထိုင်းနိုင်ငံ နယ်စပ်မှာ  ထပ်မံ ဖမ်းဆီးရမိထားတယ်လို့ ထိုင်း သတင်းတွေက ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား၊ ဗိုလ်မှူးအဆင့်ရှိသူ ပိုင်စိုးသူ အပါအဝင် နောက်ထပ် ဖမ်းမိထားတဲ့ အကျဥ်းသားတွေအားလုံးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

ထောင်ဖောက်ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ကို ဆက်သွယ်မေးကြည့်တဲ့အခါ အခုလိုပြောပါတယ်။

“အချက်အလက်ကတော့ စုနေတုန်းပေါ့နော။ တချို့ကလည်း ဆုံးတာတော့ မှန်တယ်ပေါ့နော။ ပြီးတော့ ဒီရက်ပိုင်းမှာတော့ အသိပေးဖို့ ရှိပါတယ်” လို့ IEC အတွင်းရေးမှူး ၂  ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ထိုင်းသတင်းတွေအရ ထိုင်းအာဏာပိုင်ဆီမှာ လက်နက်ချလိုက်တဲ့ မယ်စဲ့ထောင်က စစ်သုံ့ပန်း အကျဥ်းသားတွေကို နိုင်ငံတကာစစ်ဥပဒေအရ မြန်မာအစိုးရဆီ ပြန်လွှဲအပ်ပေးရမှာဖြစ်ပါတယ်။

ကရင်နီမှာရှိတဲ့ ဒေသခံတွေကတော့ လက်နက်ယူပြီး ထွက်ပြေးသွားကြတဲ့ စစ်သုံ့ပန်း အကျဥ်းသားတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ပိုပြီးတော့ စိုးရိမ်လာရတယ်လို့ ပြောပါတယ်။

“မယ်စဲ့ကနေ ဒီအထိဆိုရင် နှစ်ရက်သုံးရက်လောက်တော့ လမ်းလျှောက်ရမယ်။ ကားကြုံနဲ့ လိုက်လာတဲ့သူတွေရှိရင် ရှိနိုင်တယ်။ အဲကြောင့်မို့လို့ လမ်းခုလတ်မှာ အကယ်၍ သူတို့ ဒုက္ခရောက်လို့ရှိရင် လမ်းခုလတ်မှာ သူတို့ခိုးနိုင်တယ်။ အစားအသောက်က ပြတ်မယ်ဆိုလို့ရင် ထမင်းတွေ ဘာတွေ ဝင်ခိုးပြီးတော့ စားနိုင်တယ်။ အဓိက က ဆိုင်ကယ်တို့ အဲလိုတွေကြောက်ရတယ်။ ပြီးတော့ လက်နက်ကပါသွားတယ်ဆို‌တော့ ကိုယ့်ကို လက်နက်နဲ့ သတ်မလားပေါ့နော။ လူသတ်မှုဖြစ်မှာလည်း စိုးရိမ်တယ်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ထောင်‌ဖောက်ထွက်ပြေးသွားတဲ့ အကျဥ်းသား ၈၆ ယောက်ထဲက ၃၁ ယောက်ကို ထိုင်းမှာ ဖမ်းဆီးရမိပြီဖြစ်တာကြောင့် အကျဥ်းသား ၅၅ ဦးက ကျန်နေပါသေးတယ်။ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို လိုက်လံဖမ်းဆီးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ IEC က ပြောဆိုထားပါတယ်။

၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...
January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
January 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က...