ဝိုင်းမော်မြို့အနီး လက်နက်ကြီးအပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံများစိုးရိမ်နေ

ဝိုင်းမော်မြို့အနီး လက်နက်ကြီးအပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံများစိုးရိမ်နေ

ဝိုင်းမော်မြို့အနီးတစ်ဝိုက်ကရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား နေ့စဉ်တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေပြီး လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံများစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဆိုကြပါတယ်။

“ ဒီနေ့မနက်ထဲက လက်နက်ကြီးပစ်နေတာ ခုထိမရပ်သေးဘူး။ တအုံးအုံးနဲ့ လန့်နိုးလာတာ။ ပစ်နေတာတော့ အရင်နေ့တွေထဲကပါလေ။ ဒါပေမဲ့ ဒီမနက်ကအကြိမ်ရေများတော့ တော်တော်ကျယ်ကျယ် ကြားရတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်-ဆဒုံး လမ်းမပေါ်က ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ လေးရက်ခန့် ရှိလာပြီလို့ သိရပါတယ်။

ထိုးစစ်ဆင်တာမျိုးမဟုတ်ဘဲ ကင်းလှည့်ချိန် အပြန်အလှန်ပစ်ခတ်မှုမျိုးသာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံတွေက ဒရုန်ဗုံးသံများ၊ လက်နက်ကြီးသံများနေ့စဉ်ဆိုသလိုကြားရပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် မြို့ပေါ်နဲ့ ကျေးရွာတစ်ချို့မှာ နေအိမ်ပေါ် ကျလာမှာကို စိုးရိမ်နေကြရတယ်လို့ ပြောဆိုကြပါတယ်။

ဒါ့အပြင် ယခုနှစ်ပိုင်းများတွင် လမြန်နဲ့ ဝူယန်ကျေးရွာဘက်သွားလမ်းမှာ တိုက်ပွားများမကြာခဏဖြစ်ပွားမှုကြောင့် စစ်တပ်က ပိတ်ပင်ထားပြီး အစစ်အဆေးတင်းကြပ်နေကြောင်း သိရပါတယ်။

တိုက်ပွားဖြစ်ပွားတဲ့ကျေးရွာတွေရှိ ဒေသခံများမှာ နေအိမ်တွေမှာနေထိုင်ခြင်းမရှိတော့ပဲ ထွက်ပြေး တိမ်းရှောင် နေတာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။

တိမ်းရှောင်ချိန်ကြာမြင့်လာမှုတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေဖြစ်ပေါ်ပြီး ကျေးရွာတောင်သူတချို့ဟာ တောလမ်းပိုင်းမှတစ်ဆင့် နေရပ်ပြန်ကာ စိုက်ပျိုးရေးမွေးမြူရေးများ သွားရောက်လုပ်ကိုင်မှုများရှိနေတယ်လို့ သိရပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...