စစ်ကောင်စီ လက်နက်ကြီး ထိမှန်၍ ကျောက်ဖြူ ဒေသခံ ဇနီးမောင်နှံ သေဆုံး

စစ်ကောင်စီ လက်နက်ကြီး ထိမှန်၍ ကျောက်ဖြူ ဒေသခံ ဇနီးမောင်နှံ သေဆုံး

စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်၍ ကျောက်ဖြူမြို့နယ် သဖန်းချောင်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ဇနီးမောင်နှံ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်၊ ည ၁၀ နာရီကျော်တွင် ကျောက်ဖြူပင်လယ်ပင်၌ ရပ်ထားသည့် စစ်ကောင်စီ နေဗီကနေ သဖန်းချောင်းကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူတို့မှာ အသက် ၃၄ နှစ်အရွယ် ဦးကျော်ထွန်းဝင်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်လင်းဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ‌တွင် ကျေးရွာသားများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အပြင် ရေကြောင်း ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့် ရေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံ သေဆုံးသူ ၃၆ ဦး ထိရှိပြီး၊ ဒဏ်ရာရရှိသူ ၇၃ ဦးထိရှိကြောင်း DMG ၏ စာရင်းအရ သိရသည်၊၊

ပုံစာ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာက သေဆုံးသူတို့၏ ရုပ်အလောင်းများ။ 

January 15, 2026
ရခိုင်ပြည် မင်းပြားမြို့နယ်၊ နော်နော် (မွတ်ဆလင်) ကျေးရွာတွင် မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ်...
January 14, 2026
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ အလေးမြတ်တန်ဖိုးထားသည့် သဇင်ပန်းများသည် သဘာဝဘေး၊...
January 13, 2026
စစ်တွေတိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ ယခုရက်ပိုင်းအတွင် စစ်ကောင်စီ ရေတပ်သည်လည်း ကုလားတန်မြစ်ဝ...
ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ ရေလုပ်သားအချို့အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
January 12, 2026
ရခိုင်ဒေသရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ပြင်တွင် ရေသယံဇာတများ တစ်နှစ်ထက်တစ်နှစ်...