စစ်ကောင်စီ လက်နက်ကြီး ထိမှန်၍ ကျောက်ဖြူ ဒေသခံ ဇနီးမောင်နှံ သေဆုံး

စစ်ကောင်စီ လက်နက်ကြီး ထိမှန်၍ ကျောက်ဖြူ ဒေသခံ ဇနီးမောင်နှံ သေဆုံး

စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်၍ ကျောက်ဖြူမြို့နယ် သဖန်းချောင်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ဇနီးမောင်နှံ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်၊ ည ၁၀ နာရီကျော်တွင် ကျောက်ဖြူပင်လယ်ပင်၌ ရပ်ထားသည့် စစ်ကောင်စီ နေဗီကနေ သဖန်းချောင်းကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူတို့မှာ အသက် ၃၄ နှစ်အရွယ် ဦးကျော်ထွန်းဝင်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်လင်းဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ‌တွင် ကျေးရွာသားများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အပြင် ရေကြောင်း ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့် ရေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံ သေဆုံးသူ ၃၆ ဦး ထိရှိပြီး၊ ဒဏ်ရာရရှိသူ ၇၃ ဦးထိရှိကြောင်း DMG ၏ စာရင်းအရ သိရသည်၊၊

ပုံစာ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာက သေဆုံးသူတို့၏ ရုပ်အလောင်းများ။ 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...