မင်းပြားတွင် နေအိမ်မီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံး

မင်းပြားတွင် နေအိမ်မီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံး

ရခိုင်ပြည် မင်းပြားမြို့နယ်၊ နော်နော် (မွတ်ဆလင်) ကျေးရွာတွင် မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

နော်နော် (မွတ်ဆလင်) ကျေးရွာ၌ ယမန်နေ့ (ဇန်နဝါရီ ၁၄) ညအချိန်တွင် နေအိမ်အပေါ်ထပ်တွင် မီးလှုံရာမှ တဆင့် နေအိမ်တစ်ခုလုံး မီးလောင်ခဲ့ခြင်းကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ဆိုကြသည်။

မီးလောင်မှုကြောင့် ၁၁ ရက်သာ ရှိသေးသည့် ကလေးငယ် သေဆုံးသွားခြင်းဖြစ်ပြီး နေအိမ်မှာလည်း မီးလောင် ပျက်စီးဆုံးရှုံးသွားကြောင်း ဖြစ်စဉ်ကို သိရှိသူများက ဆိုကြသည်။

မိုးရာသီကုန်ဆုံးသည့် အချိန်မှစ၍ ရခိုင်ပြည်အတွင်း မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်လာနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က ကျောက်တော်မြို့မဈေးတန်းအနီးတွင်လည်း မီးလောင်ပျက်စီးခဲ့သည်။

အာရက္ခပြည်သူ့အစိုးရဘက်မှလည်း မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေးထားပြီး လိုက်နာရမည့် စည်းကမ်းများကိုလည်း ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...