ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်း စိတ်ဝမ်းကွဲတာမဖြစ်ဖို့ လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့

ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်း စိတ်ဝမ်းကွဲတာမဖြစ်ဖို့ လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့

ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေအတွင်းက နေရာ (၈) နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ တွေမှာ တော်လှန်ရေးကာလ၊ ကြားကာလမှာ စိတ်ဝမ်းကွဲတာ၊ တော်လှန်ရေးနှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းနဲ့ဆမီးဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး မြေပြင်လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်လို့ ပလက်ဝကောင်စီ က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးကာလ၊ ကြားကာလတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တစ်မြို့နယ်အတွင်းမှာ အာရက္ခတပ်တော်(ULA / AA)အပါအဝင် ချင်းလက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့က စစ်ရေး၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပြီး ဒီလိုအခင်းအကျင်း စိန်ခေါ်မှုတွေက စိတ်ဝမ်းကွဲစေတာမျိုး မဖြစ်စေဖို့နဲ့ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့တို့ကို အဓိကထားပြီး ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေမှာ ပြည်သူလူထုနဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်း ကပြောပါတယ်။

ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းက “ပလက်ဝဟာဆိုရင် အရင်တုန်းက ချင်းပြည်နယ်အစိုးရအဖွဲ့က အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးယန္တရား တစ်ခုနဲ့ လည်ပတ်နေတာရှိတယ် စကစ ရှိနေချိန်တုန်းကပေါ့ လက်ရှိ တော်လှန်ရေးကာလမှာဆိုရင် ULA/ AA ဘက်ကနေ တချို့ တဝက်ကို အုပ်ချုပ်ရေး စစ်ရေးဆောင်ရွက်နေတာရှိပါတယ် အဲလိုဘဲ တဖက်မှာ CDF - Daai ကနေ ထိန်းချုပ်နယ်မြေသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်တာရှိပါတယ် အဲလိုဘဲ MDF ဘက်နေလည်း စီးပွားရေးလမ်းကြောင်းအရဖြင့်ဖြင့် အုပ်ချုပ်ရေးလမ်းကြောင်းအရဖြင့်ဖြင့် ယန္တရားလည်ပတ်တာရှိတယ် အဲလိုဘဲ ကျနော်တို့ ပလက်ဝကောင်စီအနေနဲ့ ယန္တရားလည်ပတ်တာရှိပါတယ် ပလက်ဝမြို့နယ်တစ်မြို့နယ် မှာ နယ်ပယ်ဒေသ ၄ ခုမှာ အုပ်ချုပ်ရေး၊ စစ်ရေးတွေကို တော်လှန်ရေးကာလ ကြားကာလမှာ လှုပ်ရှားနေတာရှိပါတယ် အဲဒါတွေထဲမှာ ပြည်သူတွေအနေနဲ့ ဒီလိုမျိုးအခင်းအကျင်း စိန်ခေါ်မှုအကြားမှာ စိတ်ဝမ်းကွဲတာမျိုးမဟုတ်ဘဲနဲ့ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အခင်းအကျင်းမရှိစေဖို့ ကျနော်အနေနဲ့ ပြည်သူတွေဆီမှာ တော်လှန်ရေးကိစ္စတွေ စိန်ခေါ်မှုတွေကို အပြန်အလှန် လူထုသိချင်တာ မေးမြန်းချင်တာတွေ အပြန်အလှန် ဆွေးနွေးနိုင်ဖို့ လူထုတွေ့ဆုံပွဲ ဆောင်ရွက်ရတာဖြစ်ပါတယ်” လို့ပြောပါတယ်။

သူကဆက်ပြီး “ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ ချင်းလူမျိုးတွေ တော်တော်များများက တာ်လှန်ရေးကာလ ၊ ကြားကာလမှာ ပလက်ဝဒေသကို စွန့်ခွာပြီးမှ ပြည်တွင်း၊ ပြည်ပ စတဲ့ဒေသတွေကို ထွက်ခွာသွားသူတွေ တော်တော်များလာတယ် ဒီတော်လှန်ရေးကာလကမှာ နယ်မြေကို စွန့်ခွာခြင်းက ဒီတော်လှန်ရေးရဲ့ အဖြေမဟုတ်ဘူး မိမိနယ်မြေဒေသကို ကောင်းမွန်ဆုံးနဲ့ တော်လှန်ရေးကာလ ကြားကာလမှာ အေးတူပူအမျှ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့အတွက် ကျနော်တို့ဆွေးနွေးခဲ့ကြတယ် လက်ရှိဒီနိုင်ငံရေးစိန်ခေါ်မှုမှာ ပြည်သူတွေရဲ့ တော်လှန်ရေးထဲမှာ ပြည်သူတွေရဲ့ အားသွန်ခွန်စိုက်နဲ့ ရပ်တည်နိုင်ဖို့ အုပ်ချုပ်ရေးယန္တရားမှာ ပြည်သူတွေရဲ့ တော်လှန်ရေး အခင်းအကျင်းဖြစ်နိုင်ဖို့ကို ရှင်းလင်းခဲ့ကြတာလည်းဖြစ်ပါတယ်” လို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့နယ်မြေအများစုကို စစ်ကောင်စီလက်ကနေ အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှာ အပြီးသိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းအရချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း ၃၈၈ ရွာရှိပြီး အဲဒီထဲမှာ ပလက်ဝကောင်စီရဲ့ထိန်းချုပ်နယ်မြေမှာ ကျေးရွာပေါင်း ၁၀၀ နီးပါးရှိတယ်လို့လည်း ပလက်ဝကောင်စီ တာဝန်ရှိသူတွေက Chin World Media ကိုပြောပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...