လက်နက်ကြီး၊ လေကြောင်းအန္တရာယ်စိုးရိမ်၍ ရခိုင်တွင် ဗုံးခိုကျင်းတူးနေကြ

လက်နက်ကြီး၊ လေကြောင်းအန္တရာယ်စိုးရိမ်၍ ရခိုင်တွင် ဗုံးခိုကျင်းတူးနေကြ

မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်စရာဖြစ်လာနေသဖြင့် ဒေသခံများကို ဗုံးခိုကျင်းတူးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကာလများ၌ နေအိမ်တိုင်းတွင် ဗုံးခိုကျင်းများတူးခဲ့ကြသော်လည်း AA ထိန်းချုပ်ဒေသများတွင် အနည်းငယ်တည်ငြိမ်လာသည်ဟုဆိုကာ ဒေသခံများမှာ ဗုံးခိုကျင်းများ ဆက်မတူးကြတော့ပေ။

ထို့အတူ ဒေသခံများ ဆောက်လုပ်ထားသည့် ဗုံးခိုကျင်းများမှာလည်း မိုးရာသီတွင် ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ သို့သော် မြောက်ဦးဖြစ်စဉ်နောက်ပိုင်း ယခုအခါ ဗုံးခိုကျင်းများ ပြန်တူးကြရန် ULA အာဏာပိုင်များက ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“မြောက်ဦးဖြစ်စဉ်ပြီးတဲ့နောက်မှာ အရင်တုန်းကထက်ပိုပြီး ရွာသားတွေ ဂရုတစိုက် ဗုံးခိုကျင်းတူးကြဖို့ အုပ်ချုပ် ရေးမှူးက ဒဏ်ငွေသတ်မှတ် လိုက်တာရှိတယ်။ အရင်တုန်းကလည်းရွာမှာ တူးခိုင်းတယ်။ ဒါပေမဲ့ ရှိတဲ့ အိမ်ရှိတယ်။ မရှိတဲ့ အိမ်တွေလည်းရှိတယ်။ အခုတော့ မတူးရင်ဒဏ်ငွေ ဆောင်ရမယ်ဆိုပြီး သတိပေးထားတော့ အကုန်လုံးတူးနေကြတယ် ” ဟု မြောက်ဦးမြို့နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် အာရက္ခတပ်တော်ကလည်း လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြရန် ပြောထားကြောင်းလည်း သိရသည်။

ကျောက်တော်မြို့နယ်က ကျေးရွာအချို့တွင်လည်း လေကြောင်းရန်စိုးရိမ်၍ ဒေသခံများမှာ ညအချိန်တွင် အပြင်ထွက်ကာ အိပ်နေကြကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသားတစ်ဦးက “ဒီရက်ပိုင်းမှာ ရခိုင်ကမြို့နယ် အများအပြားကို မကြာခဏ ဗုံးကြဲနေတာ။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တူးထားတာဖြစ်ပါတယ်။ TNLA နဲ့ အပစ်ခတ်ရပ်ထားတဲ့ အချိန်ကစလို့  ရခိုင်ကို စစ်ကောင်စီတပ်က ပိုပြီး ဗုံးကြဲလာတာ တွေ့ရပါတယ်။ ဂျက်လေယာဉ်တွေ ရွာအပေါ်ကနေ မကြာခဏ ပျံသန်းနေလို့ စိုးရိမ်နေရပါတယ်” ဟု ပြောသည်။

အလားတူ စစ်တွေနှင့် နီးစပ်သည့် ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်မြို့နယ်က ကျေးရွာများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကိုစိုးရိမ်၍  ဗုံးခိုကျင်းများဆောက်လုပ်နေကြကြောင်း သိရသည်။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်း မကြာခဏရှိနေသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေအခြေစိုက် ပါဒလိပ်တပ်ရင်းကနေ ရသေ့တောင် မိုးစဲကျွန်းနှင့် မယူကမ်းဒေသ အနီးတဝိုက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ဒေသခံထိခိုက်မှုများရှိခဲ့သည်။

“ဒီလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ပါဒလိပ်တပ်ရင်းကနေ မကြာခဏ လက်နက်ကြီး ပစ်ခတ်နေတာကြောင်း မိုးစဲကျွန်း အပါအဝင် ဆင်ပိုက်၊ အငူမော်၊ ကုလားချောင်းနဲ့ ရေပိုက်ဆုံကျေးရွာတို့မှာ နေအိမ်တွေ ပျက်စီးခဲ့ရပါ တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်များကြောင်း ဗုံးခိုကျင်းတွေ တူးထားရတယ်” ဟု ရသေ့တောင်မြို့နယ် မယူကမ်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အပါအဝင် စစ်တွေ၊ ကျောက်ဖြူ၊ ဂွ ကမ်းခြေများသို့ ပင်လယ်ပြင်ကနေ စစ်ကောင်စီနေဗီက လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေကြသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေ၊ ကျောက်ဖြူမြို့နယ်များတွင် တိုက်ပွဲများ ရှိနေသည်။ 

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...