KNU နယ်မြေမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ပိုမိုမြင့်တက်လာ

KNU နယ်မြေမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ပိုမိုမြင့်တက်လာ

KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာခဲ့သလို စစ်ဘေးရှောင်ပြည်သူအရေအတွက်ကလည်း ၁ ဒသမ ၂ သန်းကျော် အထိ မြင့်တက်လာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

"အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း"ဆိုတဲ့ အစီရင်ခံစာကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအရ စစ်တပ်ဟာ ဒေသခံပြည်သူတွေ ကြောက်ရွံ့စေဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ခုခံမှုနဲ့ စိတ်ဓာတ်ကျဆင်းစေဖို့ ရည်ရွယ်ပြီး KNU နယ်မြေရှိ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦး အများအပြားကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတာပါ။

၂၀၂၄ စက်တင်ဘာလကနေ ၂၀၂၅ စက်တင်ဘာလအထိ ကော်သူးလေနယ်မြေ ခရိုင် ၇ ခုလုံးရှိ ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာအဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအပါအဝင် အရပ်ဘက်အဆောက်အဦးတွေ စုစုပေါင်း ၁၀၈ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

"စစ်တပ်ဟာ သူတို့နယ်မြေဆုံးရှုံးလေလေ သူတို့ပိုပြီးတော့မှ နယ်မြေခံတွေဖြစ်တဲ့ ပြည်သူလူထုရဲ့ အဆောက်အဦးတွေကို ပိုပြီးတော့ဖိအားပေးပြီးတော့ တိုက်ခိုက်လေလေ အရှိန်မြင့်လာလေလေဖြစ်တယ်" လို့ KPSN က ပြောခွင့်ရသူ နော်ချယ်ရီက ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု မြင့်တင်လာခြင်းကြောင့် ကော်သူးလေရှိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း အရေအတွက်မှာ ၂၀၂၄ စက်တင်ဘာ လနောက်ပိုင်း ၁၄ ရာခိုင်နှုန်းတိုးလာပြီး လူဦးရေ ၁ ဒသမ ၂ သန်းအထိ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်သူးလေရှိ ခရိုင် ၇ ခုအနက် ညောင်လေးပင်ခရိုင်တစ်ခုထဲမှာ စစ်ဘေးရှောင်ဦးရေ အများဆုံးဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ အစားအစာ ၊ နေထိုင်စရာတွေနဲ့ ဆေးဘက်ဆိုင်ရာအကူအ ညီတွေ အများကြီးလိုအပ်နေတယ်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ KPSN ပြောခွင့်ရသူ နော်ချယ်ရီက ပြောပါတယ်။

စစ်တပ်ဟာ အာရှလမ်းမကြီးပေါ်ရှိ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းပိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ အောင်ဇေယျစစ်ဆင်ရေးကြောင့် ဒူးပလာယာခရိုင်နဲ့ ဖာပွန်ခရိုင်တို့မှာ နေရာသစ်ပြောင်းရွှေ့မှုတွေ ပါဝင်ပြီး ဖားအံခရိုင် နဘူးမြို့နယ်က တစ်ကြိမ်တစ်ခါမှ စစ်မပြေးခဲ့ဘူးတဲ့ ရွာသား ၃၀၀၀ ဟာလည်း အဲဒီစစ်ဆင်ရေးကြောင့် နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

ကော်သူလေးမြောက်ဘက်စွန်းရှိ တောင်ငူခရိုင်မှာ နေရပ်စွန့်ခွာမှုတွေ မြင့်မားနေဆဲဖြစ်ပေမယ့် တိုက်ပွဲတွေ ငြိမ်သက်သွားချိန်မှာ ကရင်နီအပါအဝင် အခြားဒေသတွေက စစ်ရှောင်ပြည်သူအချို့ဟာ သူတို့ရဲ့ မူရင်းနေရာတွေကို ပြန်သွားတဲ့အတွက် အနည်းငယ်လျော့ကျသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်သူးလေနယ်မြေ ခရိုင်အားလုံးမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြင့်ပေးဖို့ တောင်းခံနေပြီး စစ်ရှောင်ပြည်သူ ၁ ဒသမ ၂ သန်းကျော်အတွက် ၆ လစာ ဆန်ထောက်ပံ့ပေးဖို့ ခန့်မှန်းခြေကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်းဖြစ်တယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ သိရပါတယ်။

Most read this week

December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...