ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင် ဆရာတစ်ဦး ဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ခံရ

ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင် ဆရာတစ်ဦး ဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ခံရ
Photo credit - social media
Photo credit - social media

ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည် စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ပို့ဆောင်ခံခဲ့ရကြောင်း မိသားများထံမှ သိရသည်။

မြန်မာပြည် အေဂျီ ဧဝံဂေလိအသင်းတော်များ ရန်ကုန်၊ ဓမ္မအမှုတော်ဆောင်ကဒ်ပြား ကိုင်ဆောင်သူ အသက် ၂၃ နှစ်အရွယ် ဆရာ Pau Muan Lian သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှတ်တိုင်မှ ပြန်လာချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဟု သိရသည်။

ထို့နောက် တစ်ပါတ်ကျော်ကြာလာချိန် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၅ နာရီအကျော်ခန့်တွင် မိသားစုထံသို့ တယ်လီ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ရာ ၎င်းသည် ရန်ကုန်မြို့၊ ယုဇနနှင့် တောင်ဒဂုံစပ်ကြားရှိ သိမ်ချောင်းလမ်းဆုံမှ စစ်သင်တန်း တက်ဖို့ ခေါ်ဆောင်ခံခဲ့ရကြောင်း မိသားစုကို အသိပေးခဲ့သည်ဟု အမဖြစ်သူ၏ ဖော်ပြချက်အရ သိရသည်။

"မတတ်နိုင်လို့ လိုက်သွားရတယ်၊ အခုက ရေနီမြို့ဆိုတဲ့ နေရာမှာ ရောက်နေတယ်၊ စစ်သင်တန်း လေ့ကျင့်တာတွေလည်း စတော့မယ်။ အရမ်းကြီးလည်း စိတ်မပူကြနဲ့နော်၊ သားအဆင်ပြေပါတယ်၊ သားအကုန်လုံးကို သတိရတယ်နော်၊ ဆုတောင်းခြင်းနဲ့ပဲ သတိရကြရအောင်နော်" ဟု ဆရာ Pau Muan Lian က မိသားစုဝင်များအား ပြောကြားခဲ့သည်ကို အမဖြစ်သူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် Pau Muan Lian သည် ရေနီမြို့ တစ်နေရာ စစ်သင်တန်းလေ့ကျင့်ရေးစခန်းမှာ ရောက်ရှိနေပြီဟု သိရသည်။

အဆက်အသွယ်မရရှိခဲ့သည့် ရက်သတ္တပတ်ကျော်ကာလအတွင်း မိသားစုဝင်များသည် စိုးရိမ် ပူပန်ခဲ့ကြသောကြောင့် လူမှုကွန်ရက်များပေါ်တွင် လူပျောက်ကြော်ငြာများ တင်ကာ ဝိုင်းဝန်း ဆုတောင်းသတိရပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။

ယခုအခါ မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရှိခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်နေသော မိသားစုဝင်များ အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာရရှိခဲ့ကြသည်ဟု သိရသည်။

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...