စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖားကန့်မှာ လူထုလှုပ်ရှားမှု ပြုလုပ်

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖားကန့်မှာ လူထုလှုပ်ရှားမှု ပြုလုပ်

တရုတ်အစိုးရ အားပေးကူညီထောက်ခံမှုနဲ့ အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုပြီးတော့ လူထုလှုပ်ရှားမှုကို ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အထက်ပါ လူထုလှုပ်ရှားမှုအတွင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးပါနဲ့၊ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ ဖာခေါင်းက လုပ်တဲ့ ပြည်တန်ဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်” စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာပါ။

တစ်နိုင်ငံလုံးက ပြည်သူတွေဟာ တရားမဝင် အလိမ်အညာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ASEAN /UN /US /Japan နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာပြည်သူ‌တွေကို မီးရှို့သတ်ဖြတ် ဗုံးကြဲနေတဲ့ မင်းအောင်လိုင်ကို တရားဝင် အသိအမှတ်ပြုကာ ထောက်ခံကူညီနေတဲ့ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ သတ်ဖြတ်ခံရအောင် ကူညီနေတာနဲ့ တရားမဝင်ရွေးကောက်ပွဲကို ကူညီထောက်ခံနေတာကို ရပ်တန့်ဖို့ ဆိုပြီးလည်း တောင်းဆိုခဲ့ကြပါတယ်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...