ဗန်းမောက်မြို့မှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း ၃၀ အထိ စျေးနှုန်းမြင့်တက်နေသလို ကုန်စျေးနှုန်းများလည်း မြင့်တက်နေ

ဗန်းမောက်မြို့မှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း ၃၀ အထိ စျေးနှုန်းမြင့်တက်နေသလို ကုန်စျေးနှုန်းများလည်း မြင့်တက်နေ
Photo credit - CJ
Photo credit - CJ

ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

လက်ရှိ မဲတော၊ ပန်းတော ဘက်တွင် ကုန်ကားများနှင့် ဆီကားများအစီး (၅၀) ကျော်ရောက်ရှိနေပြီး ကျွန်းကုန်းကျေးရွာနှင့် ညှောင်ခြေထောက်ကျေးရွာတွေမှာ ပိတ်နေတယ်လို့ ဒေသခံများထံများမှသိရပါတယ်။

“ဆီကားတွေရော၊ ကုန်ကားတွေရော ကျွန်းကုန်းနဲ့ ညောင်ခြေထောက်ဘက်ပိတ်နေတာ အဲမှာက ဆီတစ်ပါကို ၁၂၀၀၀၀၀ ကျပ်ပဲရှိတာ တောလမ်းကနေ ကယ်ရီတွေနဲ့ ပြန်သယ်ရတော့ ဈေးက အရမ်းကွာသွားပြီး လမ်းရဲ့ သယ်ယူစရိတ်က ၄၀၀၀၀၀ ကျော်လောက် ကျတယ်။ မလွယ်ဘူး မိရင်တော့ လိုင်ဇာကို ပို့မယ်လို့ သူတို့က ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လမ်းပိုင်းပိတ်ထားမှုတွေကြောင့် ရွှေတော်ဆိပ်ကမ်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း ၃၀၊ ပရီမီယမ်ဒီဇယ်နဲ့ ဓာတ်ဆီတစ်ပေပါ စျေးနှုန်းဟာ ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်ကားတွေကို ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့်  အဆိုပါ ဆိပ်ကမ်းမှာ ကြက်ဥ ၃ လုံး ၁ သောင်း၊ ကြက်သွန်နီ ၁ ပိဿာ ၄ သောင်းကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၇ သောင်းကျပ်နဲ့ ဆား ၁ ပိဿာ ၂ သောင်းကျပ်အထိ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။

ဗန်းမောက်အနောက်ဘက်ခြမ်းကို ဗန်းမောက် ပအဖက အင်တာနက်နဲ့ ကုန်စည် ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားတာကြောင့် ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှစပြီး ဒီနေ့အထိ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့  KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ရက်ဆက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

March 20, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်...
March 19, 2026
ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီ ဆရာတော် ၊...
March 17, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ...
March 14, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ...