သထုံတွင် ကျောက်တင်ရထား မိုင်းခွဲခံရ၊ ရထားလမ်း ပျက်စီးပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

သထုံတွင် ကျောက်တင်ရထား မိုင်းခွဲခံရ၊ ရထားလမ်း ပျက်စီးပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း
Photo credit - မော်လမြိုင်ဘူတာကြီး
Photo credit - မော်လမြိုင်ဘူတာကြီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့က နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းခွဲခံရသည်။

ယနေ့ နံနက် ၈ နာရီခန့်က သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုင်းဖောက်ခွဲခံရမှုကြောင့် ရထားလမ်းပိုင်း ပျက်စီးသွားသလို ရထားတွဲ လမ်းချော်မှုလည်း ဖြစ်ပွားခဲ့သည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

“ရထားသံလမ်း နှစ်ဆက်ခန့် ပျက်ဆီးသွားပြီး အမှတ် ၆၈၆ အစုန်ကျောက်ရထား စက်ခေါင်းအပါအဝင် အတွဲ ၄ တွဲ လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်” ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

ရထားလမ်းပိုင်း မိုင်းဖောက်ခွဲခံရမှုကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းကြောင်းလည်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ရထားခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်သည့်အတွက် ဝယ်ယူထားပြီးသော ရထားလက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံတွင် လာရောက် ထုတ်ယူနိုင်သည်ဟု မော်လမြိုင်ဘူတာကြီးက ကြေညာထားသည်။  

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ရထားလမ်းပိုင်း မိုင်းခွဲခံရတာတွေ မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...
March 19, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင်...
March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...
March 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပိတ်မိနေသည့် ကုန်တင်ယာဉ်နှင့်...