ကော့ကရိတ်တွင် နေရပ်ပြန် စစ်ရှောင်များ မိုင်းနင်းမိသူ များလာ

ကော့ကရိတ်တွင် နေရပ်ပြန် စစ်ရှောင်များ မိုင်းနင်းမိသူ များလာ

ကော့ကရိတ်မြို့ နယ် ရန်ကုတ်ကျေးရွာ အုပ်စု၊ ထီးဖိုးစံ ကျေးရွာအုပ်စုအတွင်း အောက်တိုဘာလနှင့် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာသူများ မြေမြုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိသည်ဟု ဒေသတွင်း ကျမ်းမာရေး လုပ်သားများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်အုပ်စု စစ်ကြောင်းက မြပတိုင်၊ ထီဖိုးစံ လမ်းကြောင်း၊ ရန်ကုတ်‌၊ ကြောင်လျှာကုန်း၊‌ အောက်ဘိုတဲလမ်း‌ကြောင်းမှ ဒေါနတောင် လမ်းဟောင်းကို ထိမ်းချုပ်နိုင်ရန် စစ်ကြောင်း ထိုးစဉ် မိုင်းထောင်ထားခဲ့သည့်အတွက် ရွာသားများ မိုင်းနင်းမိခြင်း ဖြစ်သည်ဟု ကျေးရွာကျန်းမာရေး လုပ်သားတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်စစ်ကြောင်းတွေက ချောင်းဖျား၊ မြပတိုင်၊‌ ကော့ဖန်ရ၊‌ နောင်မိ၊ ထီဖိုးစံ ဘက်မှာ ရွာသား ၃‌‌/၄ ယောက်လောက် မိုင်းထိတယ်။ KNU ကျန်းမာရေးဌာနဘက်တော့ ကုသဖို့ မရောက်လာဘူး။ ဒီဘက် ရန်ကုတ်၊ မိဖာလဲဘက်က ၁၅ ရက်က လှိုင်စိမ်းရွာသားတစ်ယောက်၊ ရွာအိမ်ပြန်ကြည့်တာ သူအိမ်ခြံ ထဲမှာ မိုင်းနင်းမိပြီး ယာဘက် ခြေထောက်ပြတ်သွားတယ်။ စောဖာသာ့ဒိ၊ အသက် ၃၃ နှစ် ဖြစ်တယ်။ အခုလထဲ မှာ ၅ ‌‌‌‌‌‌ယောက် လောက်တော့ မိုင်းထိတယ်။ တစ်‌ယာက်ဘဲ အချက်အလက်ရသေးတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနှင့် ပစ်ခတ်၍ ဒေသခံများ လက်နက်ကြီးအစမှန် ဒဏ်ရာရ‌‌သူများ ဆက်ရှိနေပြီး KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတိုက်ပွဲ အခြေအနေကို သိထားသူတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်က ဗုံးကြဲတာ နောင်ကိုင်းရွာက ကျန်းမာရေးဆေးခန်းနား ကျတယ်၊ နိုဝင်ဘာ ၁ ရက်နေ့ပေါ့။ ရွာသားတွေ ဗုံးသီးအစမှန်တာ၊ ထိတာတွေ ရှိတယ်။ ဆေးခန်းတော့ နဲနဲပျက်စီးတာမျိုး ရှိတယ်။ ထီဖိုးစံရွာ ကတော့တော်တော် ပျက်စီးကုန်ပြီး။ အိမ်တွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်း၊ ဘုရား‌ကျောင်း အကုန်ဘဲ”ဟု ကျေးရွာ ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်တွင် စစ်အုပ်စုသည် ခွဲထွက် DKBA ဗိုလ်ဘိ၊ BGF ပူးပေါင်းစစ် ကြောင်းအပါအဝင် အင်အား ၁,၀၀၀ ခန့် ဖြင့် စစ်ကြောင်း ၃ ကြောင်း ခန့် ခွဲဖြန့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ နန်းကော့တေးရွာ သင်္ချိုင်းနှင့် ထီဖိုစံ၊ မိဖာလဲ့၊ ရန်ကုတ်၊ မြပတိုင်၊ နောင်ထပ္ပံကျေးရွာ လမ်းဆုံလမ်းပိုင်းတွင်လည်း မြေမြုတ်မိုင်းများ ထောင်ထားသည့် အတွက် မိုင်းအန္တရယ်သတိပြု သွားလာကြရန် ကျေးရွာအခြေပြု ကျန်းမာရေး လုပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသိပေးထားကြောင်း သိရသည်။

March 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့်...
Photo: CJ
March 20, 2026
ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက်...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
March 18, 2026
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇)...