မြန်မာနယ်စပ်များတွင် စတားလင့်ခ် ပိတ်သိမ်းတော့မည်ဆိုသည့် သတင်းမှား

မြန်မာနယ်စပ်များတွင် စတားလင့်ခ် ပိတ်သိမ်းတော့မည်ဆိုသည့် သတင်းမှား

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စတားလင့်ခ်အင်တာနက်အသုံးပြုမှုများကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက် တယ်လီဂရမ်သုံးစွဲသည့်ချန်နယ်အချို့မှ အောက်တိုဘာ (၁၆) ရက်နေ့မှစ၍ သတင်းအမှား ဖြန့်ဝေနေကြသည်။

“မြန်မာနိုင်ငံနယ်စပ်တွေမှာ အသုံးပြုနေတဲ့ Starlink တွေကို ပိတ်သိမ်းတော့မှာ ဖြစ်တယ်လို သိရတယ်။”

“ပြည်တွင်းက PDF အကြမ်းဖက်သမားတွေရဲ့ အလှူခံခွက်ခေါက်တဲ့ စီမံကိန်းတွေလည်း ပြတ်တောက်တော့မယ်လို ထင်တယ်။” ဟူ၍ Digital နေ့စဥ်၊ ကျော်ကြီး အစရှိ၊ Subscribe လုပ်သူ ထောင်ကျော်မှ ၄ ထောင်ကျော်ပမာဏရှိသည့် ချန်နယ်များက ရေးသားဖော်ပြနေကြသည်။

ထိုပို့စ်များကို ကြည့်ရှုသူပေါင်း ၅ ရာမှ ၂ ထောင်ဝန်းကျင်အတွင်းရှိ၍ ထပ်ဆင့် ပြန်လည်မျှဝေမှုများပါ ပြုလုပ်နေကြပြီး လူမှုကွန်ရက်မီဒီယာပေါ်တွင် ဆက်လက်ပျံ့နှံ့နေသည်။

Digital နေ့စဉ် – https://archive.ph/8iMqb

ကျော်ကြီး – https://archive.ph/1d2pO

Myanmar Fact-checking network အဖွဲ့ဝင် ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့် အဆိုပါပို့စ်ကို အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

#စိစစ်ချက်

အောက်တိုဘာ (၁၄) ရက်နေ့က ပြည်ပသတင်းမီဒီယာ AGENCE FRANCE PRESSE-AFP က ဒေါ်လာသန်းကြွယ်သူဌေး အီလွန်မတ်စ် ပိုင် SpaceX ၏ starlink အင်တာနက်ချိတ်ဆက်မှုကို မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများက အသုံးပြုနေကြောင်း သတင်းစုံစမ်းအစီရင်ခံစာ ထုတ်ဖော်ခဲ့သည်။

အမေရိကန်ကွန်ကရက်ရှိ ပူးတွဲကော်မတီ ဦးဆောင်အဖွဲ့ဝင်မှ ထိုကိစ္စနှင့်ပတ်သက်ပြီး ငွေလိမ်လုပ်ငန်းများ၌ starlink ပါဝင်ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီဟု AFP ၏ အစီရင်ခံစာက ဆိုသည်။

AFP မူရင်းလင့်ခ် – https://shorturl.at/gE1dz

AFP သတင်းကိုကိုးကားပြီး သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ကိုင်နေသည့် ဧရာဝတီ သတင်းမီဒီယာ ကလည်း မြန်မာဘာသာသို့ ယခုလိုပြန်ဆိုဖော်ပြသည်။

Irrawady – https://shorturl.at/BvTrM

ထို့နောက် အောက်တိုဘာ (၁၆)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ကရင်-မြဝတီဒေသရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိနေသည့် နေရာတဝိုက် စတားလင့်ခ်အင်တာနက်အသုံးပြုမှုအများစု ဖြတ်တောက်ခံလိုက်ရသည်။ ထိုသတင်းကို ကရင်တိုင်းရင်းသားမီဒီယာ ကေအိုင်စီက ဖော်ပြသည်။

KIC – https://shorturl.at/HHzX1

မြဝတီ၊ ရွှေကုက္ကိုလ်၊ ဝေါလေနှင့်ကျိုက်ဒုံဒေသတွေမှာ အများစုပိတ်ခံရခြင်းဖြစ်ပြီး သာမန်အင်တာနက်ဆိုင်တွေပါ Starlink အင်တာနက် ပိတ်ခံရသည်တွင်အနည်းစုပါဝင်နေကြောင်း CJ Platform သတင်းဌာနက ယခုလင့်ခ်တွင် ရေးသားတင်ဆက်ထားသည်။

CJ Platform – https://shorturl.at/YIVGN

ဒီလိုအခြေအနေက ထိုင်း-ကရင်နယ်စပ်တစ်ခုတည်းတွင် ဖြစ်ပြီး အခြားအိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသများတွင်မူ Starlink အင်တာနက်ကို ပုံမှန်အတိုင်းအသုံးပြုနေကြသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖော်ပြထားသည်။

Google Advance Search Tools အသုံးပြု၍ “နယ်စပ်ဒေသ Starlinkအသုံးပြုမှု” “Starlink ပိတ်သိမ်း” “Starlink ဖြတ်တောက်ခံရ” စသည့် Keywords များဖြင့် ရှာဖွေစိစစ်ကြည့်ရာတွင်လည်း အောက်တိုဘာ တတိယအပတ်အတွင်းက ထိုင်းနယ်စပ် ကရင်-မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာနေရာအချို့ Starlink သုံး၍မရတော့သည့် သတင်းများမှလွဲပြီး ဆက်စပ်သည့်သတင်းမတွေ့ရပေ။

မြဝတီဘက်တွင်ပင် Starlink အသုံးပြုမှုအားလုံး ပိတ်ခံရသည်မဟုတ်ဘဲ တချို့နေရာများ၌ သုံး၍ရနေသေးသည်ဟုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ ၏ သတင်းဖော်ပြချက်တွင် တွေ့ရသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – https://shorturl.at/6fhEM

AFP သတင်းအား စုံစမ်းစစ်ဆေးနေပြီဟု ဆိုထားသည့် အမေရိကန် ကွန်ကရက် ပူးတွဲကော်မတီ၏ တရားဝင်ဝက်ဆိုက်ဘ်စာမျက်နှာပေါ် စောင့်ကြည့်လေ့လာမှုတွင်လည်း ထိုကိစ္စအပေါ် တရားဝင်ထုတ်ပြန်ထားချက်မရှိပေ။

US Congress Joint Economic Committee – https://www.jec.senate.gov/public/

သုံးသပ်ချက်

အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေးနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံလိုက်ရသည့် ဒေသများတွင် မြန်မာနယ်စပ်မြို့ မြဝတီအပြင် တော်လှန်ရေးတပ်စိုးမိုးထားသည့် ဒေသများပါဝင်သည်။ စစ်ကော်မရှင် အင်တာနက် ဖြတ်တောက်ခံဒေသများတွင် ဆက်သွယ်ရေးအခက်အခဲကြောင့် Starlink ကို အသုံးပြုကြရသည်။

https://www.facebook.com/share/p/1FmYC461LS/?mibextid=wwXIfr

အမေရိကန်ကွန်ကရက်က ကျားဖြန့်ကိစ္စနှင့်ပတ်သက်ပြီး SpaceX ကုမ္ပဏီဘက်ကို စုံစမ်းစစ်ဆေးမှုနောက်ဆက်တွဲအားဖြင့် ကရင်-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်းခွင်နေရာရှိ စတားလင့်ခ်အသုံးပြုမှုအချို့ ကို ဖြတ်တောက်လိုက်ခြင်းသာဖြစ်သည်။ ကျန်နယ်စပ်ဒေသများနှင့် အင်တာနက်ဖြတ်တောက်ခံဒေသများတွင် Starlink ဖြတ်တောက်မှုမရှိကြောင်း သတင်းဌာနများ၏ ဖော်ပြချက်အရတွေ့ရသည်။ အဆိုပါဝါဒဖြန့်ဝေမှုသည် ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေရန် အချိန်ကိုက်ဖြန့်ဝေသည့် သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...