ကလေးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့က စစ်အင်အားဖြည့်တင်းနေ

ကလေးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့က စစ်အင်အားဖြည့်တင်းနေ
Photo credit - CJ (ပုံအဟောင်း)
Photo credit - CJ (ပုံအဟောင်း)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၁၆) နေ့က စစ်ထောက် ပို့လေယာဉ်ဖြင့် စစ်အင်အားအများအပြား ပို့ဆောင်ကာ အင်အားဖြည့်တင်းနေသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့ လေဆိပ်တွင် ယမန်နေ့က Y- 8 စစ်ထောက်ပို့လေယာဥ်ဖြင့် (၄) ကြိမ်၊ ATR-72 ဖြင့် (၁) ကြိမ် ဆင်းသက်ခဲ့ကာ စစ်အင်အားအများအပြား ချပေးခဲ့ခြင်းဖြစ်သည်။

“စစ်အင်အားက ရာနဲ့ချီပြီး လာချတယ်။ လေယာဉ်နဲ့ သူတို့က ဒီ (၁၂) လပိုင်းကို ကလေးကနေ တမူးအထိ အရောက် ဆိုပြီးမှ အကုန်လုံး ပြန်သိမ်းမယ်ဆိုပြီးမှ ကြွေးကြော်ထားတာ။ အဲ့တာကြောင့် စစ်အင်အားတွေက အခုမှ ချတာမဟုတ်ဘူး။ အရင်နေ့တွေကလည်း ချတာ။ အခုကြားတာက မြောက်ပိုင်း တောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ ကြားတယ်။” ဟု ကလေးမြို့က စစ်ကော်မရှင်တပ်ဖွဲ့ လှုပ်ရှားမူ စောင့်ကြည့်နေသူက ပြောသည်။

ထိုသို့ အင်အားဖြည့်တင်းလာသော တပ်သားများကို စစ်ကားကြီး (၁၁) စီး ဖြင့် တင်ဆောင်ကာ ကလေးမြို့ မြောက်ပိုင်းသို့ ပို့ဆောင်မောင်း နှင်သွားသည်ဟု မြို့ခံများက ပြောသည်။

ကလေးမြို့မြောက်ပိုင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားအများအပြား စစ်ကြောင်းထိုးသည်ဟု သတင်းများ ကြောင့် ကလေး- ခမ်းပတ် တစ်လျှောက်ရှိ ပြည်သူများအား ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖက်က ကြိုတင် စစ်ဘေးတိမ်းရှောင်ရန် သတိပေးခြင်းများ ရှိသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့သို့ စစ်အင်အား အများအပြား ဖြည့်တင်းနေခြင်းသည် ကလေးနယ်မြောက်ပိုင်း - တမူး အပါအဝင် ကလေး-ဂန့်ဂေါ လမ်းမကြီးအား အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်သည့်အပြင် စစ်ရေး လှုပ်ရှားမူများ ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင် သတိထားရန် လိုအပ်သည်ဟု စစ်ရေးစောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...