ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေး ထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာများမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့ နဲ့ ည ၁၀ နာရီကနေ ၄ နာရီအထိ အပြင်မထွက်ဖို့ သတိပေးလာတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သတိပေးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ များလာတာကြောင့် စစ်ကောင်စီဘက်ကနေ အချိန်အခါအကိုက် လုပ်ဆောင်လာတဲ့သဘောသာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“လက်ရှိမှာ စုဆောင်းရေးဆွဲတဲ့ ကစ္စတွေနဲ့ သတင်းတွေထွက်ပေါ်နေတာ့ စစ်ကောင်စီက အချိန်အခါအကိုက် လုပ်တယ်လို့ပဲမြင်ပါတယ်။ ဒီလိုဖြစ်နေလို့ ဒီလိုလုပ်တယ်ဆိုပြီး အက်ရှင်ပြန်ယူပြတဲ့သဘောပါ။ အမှန်တော့ ဖားကန့်ဆိုရင် ၈ နာရီနောက်ပိုင်း ဘယ်သူမှတောင် သွားလာတာမရှိတော့ပါဘူး။ မနက်ဆိုလည်း စျေးသည်တွေက ၄ နာရီဆိုသွားကြတာပဲ။ မထုတ်ရင်လည်းဘာမှမဖြစ်ပါဘူး”လို့ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေပြီး အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ကြောင်းထဲ စေခိုင်းတာတွေ၊ တိုက်ပွဲမရှိတဲ့ နေရာတွေဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေဆက်တိုက်ဖြစ်နေပါတယ်။

တစ်ဖက်မှာ KIA တပ်တွေကလည်း လုပ်ငန်းခွင်တွေအထိ တပ်သားစုဆောင်းဖမ်းဆီးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာကြောင့် ဖားကန့်ပြည်သူတွေဟာ လမ်းပေါ်ထွက် သွားလာတဲ့သူတွေ မရှိသလောက် မြို့ပေါ်နေရာတွေမှာ တိတ်ဆိတ်သွားတယ်လို့လည်း ဖားကန့်ပြည်သူတွေပြောပါတယ်။

အလားတူ မြစ်ကြီးနားမြို့နယ် နယ်နိမိတ်အတွင်းမှာ လူတစ်ချို့ အများပြည်သူရဲ့ လုံခြုံရေး ထိခိုက် ပျက်ပြားစေအောင် ပြုမူဆောင်ရွက်နေတယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ လူ (၅) ယောက်ထက်မပိုဘဲ အများပြည်သူဆက်ဆိုင်တဲ့ နေရာတွေမှာ စုဝေးသွားခြင်းမလုပ်ဖို့ သတိပေးတားမြစ်ထားတာတွေ့ရပါတယ်။

ဖားကန့်နဲ့ မြစ်ကြီးနားမြို့နှစ်ခုရဲ့ သတိပေးထုတ်ပြန်ချက်အကြောင်းအရာတူညီပြီး ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသရွေ့ အတည်ဖြစ်စေရမယ်ဆိုပြီး အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...