ပလက်ဝစစ်ဘေးရှောင်များ၏ စပါးစိုက်ခင်းများ ကြွက်ကြောင့် အများအပြားပျက်စီးနေ

ပလက်ဝစစ်ဘေးရှောင်များ၏ စပါးစိုက်ခင်းများ ကြွက်ကြောင့် အများအပြားပျက်စီးနေ

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒန်းကျေးရွာက ပလက်ဝစစ်ဘေးရှောင်ပြည်သူများ၏ တောင်ယာစပါး စိုက်ခင်း များ ကြွက်ဖျက်ဆီးမှုကြောင့် အများအပြားပျက်စီးနေပြီး ဝမ်းစာအတွက်အခက်အခဲဖြစ်လာမည်ကို စိုးရိမ်ပူပန်နေကြ သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒန်းကျေးရွာမှာ ခိုလုံနေကြသော ပလက်ဝ စစ်ဘေးရှောင်ပြည်သူများသည် တွီဒန်းကျေးရွာကောင်စီနှင့် ဒေသခံပြည်သူများ၏ ခွင့်ပြုချက်ဖြင့် ရွာနှင့်တစ်မိုင် ကျော်အကွာမှာ တောင်ယာစပါးစိုက်ခင်းပြုလုပ်ကြသည်။

တွီဒန်းကျေးရွာတွင် ပလက်ဝစစ်ဘေးရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ စပါးစိုက်ခင်းများပြု လုပ်ကြပြီး စပါးရင့်မှည့်လာချိန်တွင် ကြွက်များက စပါးပင်များကို ကိုက်ဖြတ်၍ ဧကနှင့် ချီ ပျက်စီးနေသည်ဟု စစ်ဘေး ရှောင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ရဲ့ စပါးခင်းက တစ်ဧကလောက် စိုက်ထားတာ။ အခု တစ်ဝက်နီးပါးလောက်တော့ ကုန်တော့မယ်။ ဒီကြွက် တွေက စပါးမှည့်လာတာနဲ့ အကုန်စားတော့တာပါပဲ။ ကြာလာရင်တော့ ဒီထက်ဆိုးရင် ဆိုးလာနိုင်တယ်။ အခုလို စပါးမှည့် တဲ့အချိန်ကျမှ ကြွက်တွေစားတော့ ကိုယ်ခန့်မှန်းတဲ့ စပါးထွက်နှုန်းကတော့ မရတော့ဘူးပေါ့နော်။ ကျွန်တော်တို့က သူများ နိုင်ငံမှာ နေပြီး ဘာလုပ်ငန်းမှလည်းမရှိ၊ ဘာစီးပွားရေးမှလည်းမရှိဘဲ တောင်ယာလေးကိုပဲ မှီခိုနေတဲ့အခြေအနေမှာ အခုလို ကြုံရတော့ တော်တော်လေးကို စိုးရိမ်ကြတာပေါ့နော်။ ” ဟု တွီးဒန်းကျေးရွာက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယခုနှစ်တွင် ဝါးများ အပွင့်ပွင့်လာ၍ အသီးသီးခြင်းကြောင့် ကြွက်များ ပိုမိုပွားများလာပြီး၊ တောင်ယာထဲကစပါးများအပြင် စစ်ရှောင်စခန်းရှိ အိမ်များတွင်ပါ ဝင်ရောက်ဖျက်ဆီးနေကြောင်း သိရသည်။

“တစ်ချို့ကြွက်တွေက နှုတ်သီးချွန်ချွန်၊ ခြေမလောက် သေးသေးလေးတွေရှိတယ်။ ဒီကောင်တွေက စပါးကို အရင်းကနေ ကိုက်ပြီး ဆွဲချတာ၊ ကြွက်ကြီးကောင်တွေထက်တောင်မှ ဆိုးသေးတယ်။ အကြီးကောင်တွေကျတော့ ကျွန်တော်တို့ ယောကျ်ားတစ်ယောက်ရဲ့ လက်မောင်းအရွယ်လောက်ရှိတယ်။ တောင်ယာတင်မကဘူး အခုဆိုရင်ကျွန်တော်တို့ နေတဲ့အိမ်အထိ များလာပြီ။ တတ်နိုင်သလောက် စုထားတဲ့ ဆန်တစ်အိတ်၊ နှစ်အိတ်ပေါ့၊ အဲဒါတွေလဲ ကိုက်လာပြီ။ အဝတ်အစားတွေရောပဲ တော်တော်ဆိုးတယ်”ဟု အထက်ပါစစ်ဘေးရှောင်က ဆက်လက် ရှင်းပြသည်။

ယခုကဲ့သို့ ကြွက်ပွားများပြီး တောင်ယာစပါးများ အကြီးအကျယ်လိုက်လံဖျက်ဆီးနေသောကြောင့် ၆ လ / တစ်နှစ်စာ အတွက် ရည်ရွယ်စိုက်ပျိုးထားကြသော စပါးများဆုံးရှုံးကြသောကြောင့် ဝမ်းစာအတွက် စိုးရိမ်ပူပန်နေကြရသည်ဟု သိရသည်။

လက်ရှိအချိန်အထိ ကြွက်များကို နှိမ်နင်းရန် အကူအညီများ မရရှိသေးဘဲ၊ စစ်ဘေးရှောင်များမှာ မိမိတို့ဘာသာ ထောင် ချောက်များ ထောင်၍ ဖမ်းဆီးနေကြသော်လည်း ထိရောက်မှု မရှိကြောင်း သိရသည်။

Most read this week

January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...