လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ

လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ
photo credit - CJ
photo credit - CJ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများဆီက‌နေသိရပါတယ်။

လေရှီမြို့နယ်ထဲမှာစစ်ကောင်စီတပ်က ကျေးရွာထဲကလူငယ်တွေနဲ့ ခရီးသွားလာတဲ့နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာမျိုး ယခုလအတွင်းခပ်စိပ်စိပ်လုပ်ဆောင်လာနေကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

“သိရသလောက် ပြီးခဲ့တဲ့အပတ်မှာ လေးယောက်လောက်ဖမ်းသွားတယ်။ နှစ်ယောက်လုံးက လမ်းမှာဖမ်းခံရပြီးခေါ်သွားတာာ နောက်ထပ် ၂ ယောက်က ဆိုင်မှာလို့သိရတယ်” လို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

KNG ကစုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့အပတ်မှာတင် လေရှီးမြို့နယ် ဆုံကင်ရွာထဲက လူငယ်နှစ်ဦး၊ ရေဒေါင်ကျေးရွာထဲက နှစ်ဦးစုစုပေါင်း လေးဦးထက်မနည်း ဖမ်းခံထားရကြောင်း သိရပါတယ်။

ဖမ်းခံရတဲ့လူငယ်တွေထဲမှာ အသက်မပြည့်သေးတဲ့လူငယ်တွေပါသလို တချို့လည်း မိအိုဖအိုတွေကို လုပ်ကျွေး ပြုစုနေရသူတွေ ပါဝင်တာကြောင့် ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာကို အသနားခံစာ တင်တာတွေလည်း ရှိကြောင်းသိရပါတယ်။

“တစ်ယောက်က အသက် ၁၆ နှစ်ကျော်ပဲရှိသေးတယ်။ မိဘတွေက ပြန်လွှတ်ပေးဖို့ အသက်မပြည့်သေးလို့ ပြောတော့ ပြန်လွှတ်လာတယ် ကြားတယ်။ တစ်ချို့တော့ မလွတ်လာသေးဘူး” လို့ အထက်မှာဖော်ပြခဲ့တဲ့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံရတဲ့ထဲက ရေဒေါင်ကျေးရွာနေ မောင်လှိုင်ကြည်ထောင်းဟာ ဖခင်မရှိတဲ့အတွက် ဖခင်ကိုယ်စား မိခင်နဲ့ ကျောင်းတက်နေတဲ့ မောင်နှမ လေးဦးကို ထောက်ပံ့ လုပ်ကျွေးနေရတဲ့အတွက် ပြန်လွှတ်ပေးဖို့ မောင်လှိုင်ကြည်ထောင်းရဲ့မိခင်ဖြစ်သူက လေရှီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို အသနားခံစာ တင်ထားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က ခရီးသွားတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် လေရှီး၊ လဟယ်မြို့နယ်တွေထဲက နာဂလူငယ်တွေဟာ ခရီးသွားလာရေးအတွက် အခက်ခဲဖြစ်လာကြောင်း သိရပါတယ်။

လေရှီး၊ လဟယ်မြို့နယ်တွေဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ မှာပါဝင်ပြီး လက်ရှိ ယင်းမြို့နယ်တွေမှာ NSCN-K (အန်းမိုင်း) အဖွဲ့က စိုးမိုးထားတာ ဖြစ်ပါတယ်။

လေရှီး၊ လဟယ်ဒေသတွေမှာ စိုးမိုးထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ လက်ရှိ စစ်ကောင်စီတပ်နဲ့ နားလည်မှု ယူထားတာဖြစ်ပြီး NSCN-K စိုးမိုးနယ်မြေထဲမှာ စစ်ကောင်စီတပ်အနေနဲ့ စစ်မှုထမ်းခေါ်ဆောင်ရာမှာ ဥပဒေအတိုင်းလုပ်ဆောင်ဖို့နဲ့ ဥပဒေထက် ကျော်လွန်ပြီး မလုပ်ဆောင်ဖို့ကိုလည်း သတိပေး ထုတ်ပြန်တာမျိုး ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဌာန်းရာမှာ လူငယ်တွေကို တစ်အိမ်တစ်ယောက် မဲနှိုက်တဲ့စနစ်နဲ့ ခေါ်ဆောင်ဖို့ ပြဌာန်းခဲ့ပေမယ့် နာဂဒေသထဲမှာတော့ ဥပဒေထက်ကျော်လွန်ပြီး ဖမ်းဆီးတာမျိုးတွေ ရှိနေပါတယ်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...