မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာမှာ သြဂုတ်လ ၁၈ ရက်နေ့က မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးကျည်ကို ကောက်ပြီးဆော့ရာကနေ ပေါက်ကွဲလို့ ဒေသခံ ကလေးငယ် ၄ ဦး ဒဏ်ရာရှိပြီး ၂ ဦးဟာ ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၂ ဝန်းကျင်အရွယ် ကလေးငယ်တွေဖြစ်ကြတယ်လို့လည်း ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။

မတူပီဒေသခံတစ်ဦးက “ကလေးတွေက ကောက်ပြီး ဆော့ကြရာကနေ ပေါက်သွားတယ်လို့ပဲ ကြားတယ် သေချာတော့ မသိရသေးဘူးလို့” လို့ ပြောပါတယ်။

ခြန်းပြန်းကျေးရွာအစွန်ဘက်ရှိ နေအိမ်တလုံးအနီးမှာ မပေါက်ကွဲပဲရှိနေတဲ့ (၆၀ - မမ) လက်နက်ကြီးကျည်ကြောင့် အခုလို ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့လည်း သိရပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးထဲကနေ ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးငယ် ၂ ဦးကိုတော့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း သိရပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...