မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာမှာ သြဂုတ်လ ၁၈ ရက်နေ့က မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးကျည်ကို ကောက်ပြီးဆော့ရာကနေ ပေါက်ကွဲလို့ ဒေသခံ ကလေးငယ် ၄ ဦး ဒဏ်ရာရှိပြီး ၂ ဦးဟာ ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၂ ဝန်းကျင်အရွယ် ကလေးငယ်တွေဖြစ်ကြတယ်လို့လည်း ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။

မတူပီဒေသခံတစ်ဦးက “ကလေးတွေက ကောက်ပြီး ဆော့ကြရာကနေ ပေါက်သွားတယ်လို့ပဲ ကြားတယ် သေချာတော့ မသိရသေးဘူးလို့” လို့ ပြောပါတယ်။

ခြန်းပြန်းကျေးရွာအစွန်ဘက်ရှိ နေအိမ်တလုံးအနီးမှာ မပေါက်ကွဲပဲရှိနေတဲ့ (၆၀ - မမ) လက်နက်ကြီးကျည်ကြောင့် အခုလို ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့လည်း သိရပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးထဲကနေ ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးငယ် ၂ ဦးကိုတော့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...