မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

မတူပီမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာမှာ သြဂုတ်လ ၁၈ ရက်နေ့က မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးကျည်ကို ကောက်ပြီးဆော့ရာကနေ ပေါက်ကွဲလို့ ဒေသခံ ကလေးငယ် ၄ ဦး ဒဏ်ရာရှိပြီး ၂ ဦးဟာ ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၂ ဝန်းကျင်အရွယ် ကလေးငယ်တွေဖြစ်ကြတယ်လို့လည်း ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။

မတူပီဒေသခံတစ်ဦးက “ကလေးတွေက ကောက်ပြီး ဆော့ကြရာကနေ ပေါက်သွားတယ်လို့ပဲ ကြားတယ် သေချာတော့ မသိရသေးဘူးလို့” လို့ ပြောပါတယ်။

ခြန်းပြန်းကျေးရွာအစွန်ဘက်ရှိ နေအိမ်တလုံးအနီးမှာ မပေါက်ကွဲပဲရှိနေတဲ့ (၆၀ - မမ) လက်နက်ကြီးကျည်ကြောင့် အခုလို ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့လည်း သိရပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးထဲကနေ ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးငယ် ၂ ဦးကိုတော့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း သိရပါတယ်။

Most read this week

January 15, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့...
January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...
January 14, 2026
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး...
January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...