ဟားခါးမြို့ပေါ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

ဟားခါးမြို့ပေါ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ပေါ် လမ်းစုံ၊ နာရီစင်အနီးတွင် သေနတ်ပစ်ခတ် ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး အခြား အမျိုးသမီးငယ် ၂ ဦးမှာလည်း ခြေထောက်တွင် ထိမှန်ကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်တယ် ဆိုတာမှန်ပါတယ်။ ဘာကြောင့်ပစ်တာလဲတော့ ကျွန်တော်လဲ အတိအကျမသိသေးဘူး။ သူတို့(စစ်တပ်) ပစ် ခတ်လို့ အမျိုးသားတစ်ဦးကဗိုက်မှန်ပြီး ဆေးရုံပို့ကြတယ်။ အမျိုးသမီးငယ် ၂ ယောက်ကိုလဲ ခြေထောက်မှန်တယ်လို့ ကြားရတယ်။ သူတို့ကျတော့ ကျောင်းတက်နေတဲ့သူတွေလို့ သိရပါတယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောင်းသူ အမျိုးသမီးငယ် ၂ ဦးမှာ မစိုးရိမ်ရသော်လည်း ဗိုက်ထိမှန်သူအမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။

စစ်ကော်မရှင်တပ် ပစ်ခတ်လို့ ဝမ်းဗိုက်ထိမှန်သူမှာ ဟားခါးမြို့ခံမဟုတ်ဘဲ Surngen ကျေးရွာဘက်မှ ဟားခါးသို့ လာရောက်သူဟု သိရသည်။

လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...