ဟားခါးမြို့ပေါ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

ဟားခါးမြို့ပေါ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ပေါ် လမ်းစုံ၊ နာရီစင်အနီးတွင် သေနတ်ပစ်ခတ် ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး အခြား အမျိုးသမီးငယ် ၂ ဦးမှာလည်း ခြေထောက်တွင် ထိမှန်ကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်တယ် ဆိုတာမှန်ပါတယ်။ ဘာကြောင့်ပစ်တာလဲတော့ ကျွန်တော်လဲ အတိအကျမသိသေးဘူး။ သူတို့(စစ်တပ်) ပစ် ခတ်လို့ အမျိုးသားတစ်ဦးကဗိုက်မှန်ပြီး ဆေးရုံပို့ကြတယ်။ အမျိုးသမီးငယ် ၂ ယောက်ကိုလဲ ခြေထောက်မှန်တယ်လို့ ကြားရတယ်။ သူတို့ကျတော့ ကျောင်းတက်နေတဲ့သူတွေလို့ သိရပါတယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောင်းသူ အမျိုးသမီးငယ် ၂ ဦးမှာ မစိုးရိမ်ရသော်လည်း ဗိုက်ထိမှန်သူအမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။

စစ်ကော်မရှင်တပ် ပစ်ခတ်လို့ ဝမ်းဗိုက်ထိမှန်သူမှာ ဟားခါးမြို့ခံမဟုတ်ဘဲ Surngen ကျေးရွာဘက်မှ ဟားခါးသို့ လာရောက်သူဟု သိရသည်။

လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...