လေကြောင်းရန် သတိပေးထားသည့် တပ်မဟာ ၇ ဌာနချုပ် အနီးတဝိုက်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲ

လေကြောင်းရန် သတိပေးထားသည့် တပ်မဟာ ၇ ဌာနချုပ် အနီးတဝိုက်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၇) ဌာနချုပ်နယ်မြေ၊ ကလိုယော်လေး ဒေသသို့ အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၀ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်အချိန်မှစ၍ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

လာမည့် ဩဂုတ် ၁၂ ရက်နေ့သည် ၇၅ နှစ်မြောက် ကရင့်အာဇာနည်နေ့ ဖြစ်၍ တပ်မဟာ ၇ နယ်မြေအတွင်း လေကြောင်းရန် သတိပေးထားပြီး ချိန် ည ၇ နာရီ ၄၇ မိနစ်နှင့် စ၍ ည ၈ နာရီ ၁၀ မိနစ်ထိ Y12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံး အလုံး ၂၀ ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လေယာဉ်က အသွားတစ်ကြိမ်၊ အပြန် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ဗုံးအလုံး ၂၀ လာကြဲ သွားတာပါ။ မကြဲခင် မနေ့ကညပိုင်းမှာလည်း လေယာဉ်လာသေးတယ်။ ဒီနေ့ နေ့ခင်းပိုင်းမှာလည်း လေယာဉ်လာဝဲသေးတယ်။ ဒီတော့ အားလုံးလိုလို သတိနဲ့နေကြတာဘဲ” ဟု တပ်မဟာ၊ ဌာနချုပ်နယ်မြေအနီး နေထိုင်သူဒေသခံတစ်ဦးက ပြောသည်။

ယခုလို ဗုံးကြတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိပြီး လူငယ်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိ ခဲ့သည်ဟု ကနဦးသတင်း ရရှိထားသည်။

တပ်မဟာ ၇ နယ်မြေအတွင်းရှိ အရပ်သားပြည်သူတချို့ ယခုလို ဗုံးကြဲခံရ၍ စိုးရိမ်စိတ်ဖြင့် အနီးနားရှိ ထိုင်းနိုင်ငံဘက်သို့ သောင်ရင်းမြစ် ဖြတ်ကူးပြီး ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွားရောက်ခိုလှုံမှုများ ပြုလုပ်နေပြီး ထိုင်းအာဏာပိုင်များကလည်း လိုအပ်သလို နေရာချ စီစဉ်ပေးခြင်းများလည်း ပြုလုပ်နေသည်။

ယခုလို လေကြောင်းမှ ဗုံးကြဲခံရမှု ဖြစ်ပွားချိန်တွင် အနီးအနား၌ ကေအိုင်စီ မြေပြင်သတင်းသမားများလည်း ရှိနေပြီး ဗုံးကြဲခံရချိန်နှင့် လက်ရှိအချိန်တွင် လုံခြုံမှုရှိနေသည်ဟု သတင်းရရှိထားသည်။

ထို့အပြင် ဗုံးကြဲခံရမှု အခြေအနေကို သိထားသော်လည်း ဒေသတွင်း အရပ်သားပြည်သူများ၏ လုံခြုံရေး အထွေထွေကိစ္စရပ်များကို ကေအိုင်စီ ဝိုင်းတော်သားများက ထည့်သွင်းစဉ်းစားကာ သင့်တော်သည့်အချိန်တွင် တိကျမှန်ကန်သည့် သတင်းကို ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...