ဖားဆောင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရ

ဖားဆောင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်းကို စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးကသုံးယောက်ထိတယ်။ လေယာဉ်က လိုက်ပတ်ကြဲနေတာ ဖားဆောင်းမြို့ အနီးအနားကိုကြဲလိုက်၊ ခဲမဖြူဖက်ကော ပါတယ်။ အခုက လေယာဉ်တစ်စီးတည်းကို နေရာခွဲပြီး ပတ်ကြဲသွားတာ။”လို့ ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောပါတယ်။

ဗုံးစထိမှန်သူသုံးဦးအနက် အသက် ၁၃ နှစ်ဝန်းကျင် ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေးငယ် တစ်ဦးဖြစ်ပါတယ်။ ယောကျာ်းလေးနှစ်ဦးအနက် တစ်ဦးက ညာလက်ကို ထိမှန်ခဲ့ပြီး ကျန်တစ်ဦးကတော့ ညာပေါင်မှာ ဗုံးစထိမှန်ခဲ့တာပါ။ မိန်းကလေးငယ်တစ်ဦးကတော့ ညာဖက်လက်ကောက်ဝတ်မှာ အနည်းငယ် ထိခိုက်သွားတယ်လို့ သိရှိရပါတယ်။

ဒီနေ့ တစ်ရက်ထဲ ဖားဆောင်းမြို့နယ်အတွင်းကို စစ်ကောင်စီက လေယာဉ်ပေါ်ကနေ လေယာဉ်နဲ့ပတ်ကာ ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲခဲ့တဲ့နေရာ တွေအသေးစိတ်ကိုမသိရသေးပေမယ့် ဗုံး အလုံးရေ ၅၀ ထက်မနည်း အသုံးပြု ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ခုရဲ့ စာသင်ကျောင်းဆောင်၊ ဘာသာရေး အဆောက်အအုံ နဲ့ နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ နေရာထဲမှာ ဖားဆောင်းမြို့နယ်က ကျေးရွာခံ နဲ့ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့နေရာလည်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းက အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက ယခုနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း များပြားနေတာပါ။ ဒီလို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...