ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ နှစ်လအတွင်း ငှက်ဖျားကြောင့် သေဆုံးသူ (၂) ဦးရှိ

ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ နှစ်လအတွင်း ငှက်ဖျားကြောင့် သေဆုံးသူ (၂) ဦးရှိ

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လ၊ နှစ်လအတွင်း ငှက်ဖျား ရောဂါကြောင့် သေဆုံးခဲ့သူ (၂) ဦး ရှိနေတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဒေသခံ ဆေးမှူးတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် တခြားသော ရောဂါကြောင့် သေဆုံးသူ ၃ ဦး ရှိပြီး ဖြစ်ပွားတဲ့ရောဂါအမျိုးအစားတွေကို အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။

“၆ လပိုင်းနဲ့ ၇ လပိုင်းမှာတော့ တမြို့နယ်လုံးပြောရင်တော့ သေဆုံးတာတော့ ၅ ဦးပေါ့။ အဲ့ ၅ ယောက်ထဲမှာက ငှက်ဖျားနဲ့ ပိုးတွေ့၊ ငှက်ဖျားနဲ့ သေဆုံးတာတော့ ၂ ယောက်ပေါ့နော်။” လို့ ဒေသခံ လူငယ်လည်းဖြစ်တဲ့ ဆေးမှူးက ပြောပါတယ်။

ငှက်ဖျားပိုးကြောင့် သေဆုံးသူ ၂ ဦးဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ကျန် (၃) ဦးရဲ့ အသက်အရွယ်နဲ့ သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိ‌ရဘူးလို့ ဆိုပါတယ်။

ငှက်ဖျားဖြစ်ပွားမှုတွေကို ကာကွယ်နိုင်ဖို့ လက်ရှိမှာတော့ အသိပညာပေး လုပ်ငန်းတွေသာ ဆောင်ရွက်

နိုင်သေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငှက်ဖျားရောဂါ မကူးစက်နိုင်အောင် ကာကွယ်ဖို့ လူထုတွေအတွက် ခြင်ထောင်တွေ အဓိကလိုအပ်နေတယ်လို့ အဆိုပါ ဆေးမှူးက အခုလို ဆက်ပြောပါတယ်။

“အခုလက်ရှိ ကာကွယ်နိုင်တာတော့ စစ်ရှောင်မှာ ကျေးရွာတွေမှာတော့ အသိပညာ‌ပေး လုပ်ငန်းတွေလောက်ပဲ လုပ်နိုင်တာပေါ့။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မှု မဖြစ်အောင်ဆိုတဲ့ ဟာတွေတော့ပါတယ်။ ဒါပေမဲ့ အဓိက လိုအပ်တာက ခြင်‌ထောင်အရမ်းလိုအပ်နေတယ်။” လို့ သူက ဆိုပါတယ်။

လက်ရှိ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်က ယခုနှစ်အတွင်းမှာတော့ ပြီးခဲ့တဲ့ မတ်လကတည်းက ငှက်ဖျား ဖြစ်ပွားသူဦးရေ များလာပြီး လက်ရှိအချိန်ထိ ဖြစ်ပွားနေကြဆဲပဲလို့ ဆိုပါတယ်။

ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက လူထုတွေဟာ ၇၀ ရာခိုင်နှုန်းလောက် ငှက်ဖျားဖြစ်နေကြပြီး ခြင်ကနေ တဆင့် စတင်ကူးဆက် ဖြစ်ပွားတာကြောင့် လူထုတွေအတွက် ခြင်ထောင်အဓိက ထောက်ပံ့ ပေးဖို့ကိုလည်း တောင်းဆိုချင်တယ်လို့ ဆေးမှူးက ပြောပါတယ်။

Most read this week

January 15, 2026
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ဖက်ကို ယခုအပတ်အတွင်း...
January 14, 2026
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ တော်လှန်ရေး ရဲဘော်တွေကို...
ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...