စစ်တွေတွင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား၃ဦးကို စစ်ကောင်စီဖမ်းဆီးသွား

စစ်တွေတွင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား၃ဦးကို စစ်ကောင်စီဖမ်းဆီးသွား

စစ်ကောင်စီထိန်းချုပ်သည့် စစ်တွေမြို့တွင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီမှ ဩဂုတ်လ ၃ ရက်နေ့က မတရားဖမ်းဆီးသွားသည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ရွာသာယာမှ ဒေါ်မဦးခင် (၃၆ )နှစ်၊ မောင်၀င်းမင်းဇော် (၂၃) နှစ်နှင့် မောင်အောင်ကျော်ဌေး (၂၄) နှစ်တို့ ဖြစ်ကြသည်။

“သူတို့ကို ဧည့်စာရင်းအကြောင်းပြပြီး စစ်တယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ အမှတ်အသားတွေ ရှာတယ်။ မသင်္ကာစရာ စစ်ဆေးတွေ့ရှိတယ်ဆိုပြီး ဖမ်းသွားပါတယ်” ဟု ၎င်းက ပြောသည်။

ဩဂုတ်၃ ရက်နေ့ည ၁၀ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲအင်အား ၄၀ ကျော်ခန့် ရွာသာယာသို့ ကားများဖြင့် ရောက်လာပြီး နေအိမ်အချို့ကို စီးနင်းရှာဖွေကာ ဧည့်စာရင်းအကြောင်းပြပြီး ရွာသား ၃ ဦးအား ဖမ်းသွားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင် ပိတ်မိနေသူများထဲမှ လူငယ်များကို ယခုလို မတော်မတရား အကွက်ဆင်ပြီး တမင်ဖမ်းဆီးနေပြီး တချို့ကို စုဆောင်းရေးကို ပို့ဆောင်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးလည်း ပြောဆိုသည်။ 

“စစ်တွေက လူငယ်တွေကို ဘယ်မှ သွားစရာမလိုဘဲအိမ်မှာမိဘတွေနေရင်းအဖမ်းခံနေကြရတာ။ စစ်တပ်က စစ်ဆေးလာရင်သူတို့  အဖမ်းခံရတယ်။ တချို့ဆို စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံနေရတယ်” ဟု ပြောသည်။

စစ်တွေတွင် လူငယ်များအပါအဝင် အရပ်သားများ မကြာခဏ ဖမ်းဆီးခံနေရပြီး လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အရေအတွက် မည်မျှဖမ်းဆီးခံထားရသည်ကို မသိရှိရကြောင်း၊ အများစု မိသားစုဝင်များမှာ ဆက်သွယ်ရေး အခက်အခဲနှင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် ပြင်ပသို့ ထုတ်ဖော်ပြောကြားမှု မရှိကြဟု ၎င်းက ပြောဆိုသည်။  

စစ်ကောင်စီသည် ဇူလိုင်၁၆ ရက်ကလည်း စစ်တွေမြို့၊ နန္ဒာရာမဘုန်းကြီး ကျောင်းတွင်နေထိုင်သူကို သောင်းမင်း(ခ)လင်းယုန် (၃၈) နှစ်ကို မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။  ‎

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...