စစ်ကောင်စီ ဒရုန်းကြောင့် PDF တစ်ဦး အပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

စစ်ကောင်စီ ဒရုန်းကြောင့် PDF တစ်ဦး အပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုများကြောင့် PDF တစ်ဦး၊ ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ပုလောမြို့နယ်ထဲက ရှပ်ပုံကျေးရွာအုပ်စု အတွင်းရှိ ဆီတောင်ကျေးရွာဘက်သို့ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ဝါးတန်းရပ်ကွက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူ တစ်ဦးက “ဆီတောင်ရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီးချ လိုက်လို့ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီက ညနေ ၅ နာရီလောက်မှာ ရှပ်ပုံ ဝါးတန်းကို လက်နက်ကြီး နှစ်လုံးပစ်လိုက်တာ ယောက်ကျားလေး တစ်ယောက် သေဆုံးပြီး မိန်းကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့သေးတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုအတွင်းရှိ အထဲစုရပ်ကွက်မှ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပုလော ဆေးရုံ၌ တင်ထားရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများထဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က PDF တပ်ဖွဲ့ဝင်တစ်ဦး ဗုံးသီး ထိမှန်ပြီး သေဆုံးခဲ့သည်။

ရှပ်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အား ဖြည့်တင်းထားသည့်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဘက်မှလည်း အသင့်ပြင်ဆင်ထားသဖြင့် နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိသည်ဟု ရွာသားများက ဆိုသည်။

ရှပ်ပုံကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီ စစ်ကြောင်းရှိနေကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းငယ်သာ ကျေးရွာ၌ ကျန်ရှိနေသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ရွာသားများမှာ လတ်တလောတွင် အစားအသောက်၊ ဆေးဝါးများနှင့် အမိုးအကာများလည်း လိုအပ်ကြသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ရှပ်ပုံကျေးရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာချိန်၌ ရွာသားများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင် လေ့ရှိကြပြီး တိုက်ပွဲများ ငြိမ်သက်သွားမှသာ ကျေးရွာအတွင်း ပြန်လာ နေထိုင်လေ့ရှိကြကြောင်း ဆိုကြသည်။

January 27, 2026
ကျေးရွာအများစု ချန်လှပ်ခံရသည့် ရှမ်းမြောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည်...
January 26, 2026
ရှမ်းပြည် တောင်ပိုင်း၊ ရပ်စောက်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် များတွင် လမ်းကြေး အဆမတန်...
ဓာတ်ပုံ – Mari Alkatiri
January 24, 2026
ချင်းပြည် အတွင်း ကျူးလွန်ခံသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်များကို အရှေ့တီမောတရားရုံး၌...
ဓါတ်ပုံ - Wai Hun Aung
January 23, 2026
မြန်မာနိုင်ငံတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...